SJ WorldNews - шаблон joomla Авто

တရုတ်ကုမ္ပဏီက ဂေလီအက်ကုမ္ပဏီ၏ ကိုရိုနာဗိုင်းရပ် ဆေးဝါးကို ထုတ်လုပ်နေပြီဟုဆို

Thursday, 13 February 2020 09:46 font size decrease font size decrease font size increase font size increase font size

ဂေလီအက်ကုမ္ပဏီ၏ စမ်းသပ်ဆဲဖြစ်သော နိုဗယ်ကိုရိုနာဗိုင်းရပ်ကို တိုက်ဖျက်နိုင်မည့် အလားအလာရှိသည့် ဆေးဝါးတစ်မျိုးကို အလုံးအရင်းဖြင့် စတင်ထုတ်လုပ်နေပြီ ဖြစ်ကြောင်း တရုတ်ဆေးဝါး ထုတ်လုပ်ရေး  ကုမ္ပဏီတစ်ခုက ပြောသည်။

ဆူကျိုးမြို့အခြေစိုက်  ဘရိုက်ဂျင်း ကုမ္ပဏီအနေဖြင့် ဂေလီအက်၏ ဆေးဝါးဖြစ်သော နိုဗယ်ကိုရိုနာဗိုင်းရပ် ကာကွယ်ဆေး၏ ထိရောက်သော ပါဝင်ဆေးပစ္စည်းများကို ပေါင်းစပ်မည့် နည်းပညာကို ထုတ်လုပ်ထားကြောင်း ယင်းကုမ္ပဏီက ဖေဖော်ဝါရီ ၁၁ ရက်တွင် ရှန်ဟိုင်းစတော့နှင့် ရှယ်ယာဒိုင်သို့ တင်ပြသည့် ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။  အဆိုပါ ဆေးဝါးသည် လူ ၁ဝဝဝ ကျော် သေဆုံးပြီး ဖြစ်သော နိုဗယ် ကိုရိုနာဗိုင်းရပ်ကို တိုက်ထုတ်နိုင်မည့် ဆေးအဖြစ် ရှေ့ဆုံးမှ ရေပန်းစားနေသည်။

သို့သော်  ယင်းဆေးဝါးကို  ကမ္ဘာရှိ မည်သည့်နေရာတွင်မျှ  အတည်ပြုခြင်း သို့မဟုတ် ခွင့်ပြုထားခြင်း မရှိသေးကြောင်း သိရသည်။ ဘရိုက်ဂျင်း၏ ရှယ်ယာတန်ဖိုးမှာမူ ဖေဖော်ဝါရီ ၁၁ ရက် နံနက်ပိုင်း အရောင်းအဝယ်တွင် ၂ဝ ရာခိုင်နှုန်းမြင့်တက်လာသည်။

ဘရိုက်ဂျင်းကုမ္ပဏီ အနေဖြင့် ဂေလီအက်မှ ဆေးဝါးကို ထုတ်လုပ်ခွင့် ရရှိရန်ရည်ရွယ်ထားကြောင်း ထုတ်ပြန် ထားသော်လည်း အစောပိုင်း အဆင့်တွင် ထုတ်လုပ်မှုစတင်မည့် ၄င်းကုမ္ပဏီ၏ လုပ်ဆောင်ချက်သည် ထူးခြားနေပြီး အမေရိကန်ကုမ္ပဏီ၏ မူပိုင်ခွင့်ကို ချိုးဖောက်သည့် အလားအလာတစ်ခု ဖြစ်နေသည်။

အဆိုပါ ထုတ်ပြန်ချက်သည်  တရုတ်သုတေသန ပညာရှင်များက နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကို ကုသနိုင်ရေး ယင်းဆေးဝါးကို မူပိုင်ခွင့်မှတ်ပုံတင်ရန် လျှောက်လွှာတင်ပြီးနောက် သီတင်းပတ်တစ်ပတ် အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

နိုဗယ်ကိုရိုနာဗိုင်းရပ်သည် တရုတ်နိုင်ငံဒေသ အများအပြားတွင်   ကူးစက်ပျံ့နှံ့နေပြီး ဂေလီအက်၏ ဆေးဝါးသည်  အမေရိကန်ရှိ  ကူးစက်ခံရသော လူနာများတွင် ကောင်းမွန်သည့်    လက္ခဏာများ ပြသပြီးနောက် အောင်မြင်မည့် အလားအလာရှိသည့် ဆေးဝါးဖြစ်နေကြောင်း   သိရသည်။

Ref: The Straits Times

Read 24 times Last modified on Thursday, 13 February 2020 09:47