SJ WorldNews - шаблон joomla Авто

နိုဗယ်ကိုရိုနာဗိုင်းရပ် ပြည်သူများ၏ နံပါတ်တစ်ရန်သူအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတ်မှတ်

Thursday, 13 February 2020 09:47 font size decrease font size decrease font size increase font size increase font size

တရုတ်နိုင်ငံ၌ဖြစ်ပွားနေသည့် နိုဗယ်ကိုရို နာဗိုင်းရပ်ကူးစက်ခံရမှုကြောင့် လူ ၁ဝဝဝ ကျော် သေဆုံးပြီးနောက် ထိုဗိုင်းရပ်သည် ပြည်သူများ၏ နံပါတ်တစ်ရန်သူအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်လိုက်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ထိုဗိုင်းရပ် ကိုကိုဗစ်-၁၉ ဟု တရားဝင် အမည်ပေးပြီး ကမ္ဘာ့နိုင်ငံများ အနေဖြင့်  ထိုဗိုင်းရပ်ကို နံပါတ်တစ်ရန်သူအဖြစ် သတ်မှတ်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က ဖေဖော်ဝါရီ ၁၁ ရက်တွင် သတင်းထောက်များကို ပြောသည်။

ထို့ပြင် ဗိုင်းရပ်ကာကွယ်ဆေး ထုတ်လုပ်နိုင်ရန် အချိန် ၁၈ လခန့်ကြာမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

နိုင်ငံအတွင်း ဖြစ်ပွားနေသည့် နိုဗယ်ကိုရိုနာဗိုင်းရပ် နောက်ထပ်ကူးစက်ခံရသူ အရေအတွက် ကျဆင်းလာခြင်းကြောင့် ဧပြီလ ခန့်တွင် ရောဂါပိုးကူးစက်မှု ပြီးဆုံးမည်ဟု မျှော်လင့်ကြောင်း တရုတ်ဆေးဝါးပညာရှင် တစ်ဦးဖြစ်သည့် ဒေါက်တာကျုံးနန်ရှန်က ပြောသည်။ 

 Ref: The Straits Times

Read 25 times Last modified on Thursday, 13 February 2020 09:48