SJ WorldNews - шаблон joomla Авто

လေထုညစ်ညမ်းမှုကြောင့် တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ဘီလီယံဆုံးရှုံးစေ

Thursday, 13 February 2020 09:48 font size decrease font size decrease font size increase font size increase font size

ရုပ်ကြွင်းလောင်စာများ လောင်ကျွမ်းမှုမှ ဖြစ်ပေါ်သည့် လေထုညစ်ညမ်းမှုကြောင့် စီးပွားရေးအရ တစ်ရက်လျှင် အမေရိကန် ဒေါ်လာ ၈ ဘီလီယံခန့်ဆုံးရှုံးနေကြောင်း ဂရင်းပိ(စ်)အဖွဲ့၏ ထုတ်ပြန်ချက်တစ်ရပ် အရသိရသည်။

ယင်းတန်ဖိုးသည် ကမ္ဘာ့အသားတင်ကုန် ထုတ်လုပ်မှုတန်ဖိုး၏ ၃ ဒသမ ၃ ရာခိုင်နှုန်း သို့မဟုတ် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၂ ဒသမ ၉ ထရီလီယံရှိကြောင်း  အရှေ့တောင်အာရှ ဂရင်းပိ(စ်)အဖွဲ့နှင့် စွမ်းအင်နှင့် လေသန့်ရှင်းရေး သုတေသနဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

တရုတ်၊ အမေရိကန်နှင့် အိန္ဒိယနိုင်ငံတို့သည် ခန့်မှန်းခြေအားဖြင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ဘီလီယံ ၉ဝဝ၊ ၆ဝဝ နှင့် ၁၅ဝ ခန့်အသီးသီးဖြင့် လေထုညစ်ညမ်းမှုကြောင့် စီးပွားရေးအရ ဆုံးရှုံးမှုအများဆုံး နိုင်ငံများ ဖြစ်နေသည်။

နိုင်ငံအချို့နှင့် ကုမ္ပဏီများက ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်နှင့်  သန့်ရှင်းသော လောင်စာများကို ပိုမိုအသုံးပြုရန် တွန်းအားပေး လုပ်ဆောင်နေသော်လည်း  လေထုညစ်ညမ်းမှုသည် နေ့စဉ်အားဖြင့် လူဘီလီယံ ပေါင်းများစွာအပေါ် ဆက်လက်ထိခိုက်နေ သည်။

ကျောက်မီးသွေးလောင်ကျွမ်းခြင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့များသည် ကျန်းမာရေး ပြဿနာများကိုဖြစ်ပေါ်စေပြီး နှစ်စဉ် ကမ္ဘာတစ်ဝန်းရှိ  လူ ၄ ဒသမ ၅ သန်းကို အရွယ်မတိုင်မီ သေဆုံးစေကြောင်း သိရသည်။ ထို့ပြင် ကလေးငယ် ၄ဝဝဝဝ ခန့်မှာလည်း လေထုညစ်ညမ်းမှုကြောင့် အသက်ငါးနှစ်မတိုင်မီ သေဆုံးနေသည်။

ရုပ်ကြှင်းလောင်စာများ လောင်ကျွမ်းခြင်းမှ လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ် လူသန်းပေါင်းများစွာ သေဆုံးနေပြီး လေသင်တုန်းဖြတ်မှု၊ အဆုတ်ကင်ဆာနှင့် ပန်းနာရောဂါများကို ဖြစ်ပွားစေသည့်အပြင် ဒေါ်လာ ထရီလီယံပေါင်းများစွာ ကိုလည်း ဆုံးရှုံးစေကြောင်း ဂရင်းပိ(စ်)အဖွဲ့မှ လေသန့်ရှင်းရေး တက်ကြွလှုပ်ရှားသူ   မင်ဝူဆန်ကပြောသည်။

Ref: Bloomberg

Read 26 times Last modified on Thursday, 13 February 2020 09:49