SJ WorldNews - шаблон joomla Авто

မြောက်ကိုရီးယား၌ နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူ မရှိသော်လည်း ကာကွယ်ရေးကို နှစ်ဆတိုးမြှင့်

Friday, 14 February 2020 09:00 font size decrease font size decrease font size increase font size increase font size

ကမ္ဘာတစ်ဝန်း၌ နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ပျံ့နှံ့မှုများ ဖြစ်ပွားနေသော်လည်း ဗိုင်းရပ်စတင်ဖြစ်ပေါ်ရာ   တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ ဖြစ်သော မြောက်ကိုရီးယား နိုင်ငံ၌ ထိုဗိုင်းရပ်ကူးစက်ခံရသူရှိပြီ ဟူသော ထုတ်ပြန်ချက်တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိကြောင်း သိရသည်။

သို့သော် မြောက်ကိုရီးယားနိုင်ငံသည် ဗိုင်းရပ်ကာကွယ်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်မှုများကို နှစ်ဆတိုးမြှင့်ပြီး သီးသန့်ခွဲစောင့်ကြည့်ကာလကို တိုးမြှင့်ကာ ကြက်ခြေနီအဖွဲ့ဝင်များကို နိုင်ငံတစ်ဝန်းစေလွှတ်ထားကြောင်း နိုင်ငံသတင်းဌာနက ဖေဖော်ဝါရီ ၁၂ ရက်တွင် ဖော်ပြသည်။

အဆိုပါသီးသန့်ခွဲ စောင့်ကြည့်ကာလကို ရက် ၃ဝ အထိတိုးမြှင့်ထားကြောင်း၊ နိုင်ငံအတွင်းရှိ အစိုးရ အဖွဲ့အစည်းများအပြင် ပြည်ပနိုင်ငံသားများ အားလုံးအနေဖြင့် ထိုညွှန်ကြားချက်ကို  ခြွင်းချက်မရှိ လိုက်နာရမည် ဖြစ်ကြောင်း KCNA သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

လက်ရှိအချိန်တွင် ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုသည် တစ်ကမ္ဘာလုံး အတိုင်းအတာ အနေဖြင့် အလွန်စိုးရိမ်ဖွယ် ကောင်းသည့် အခြေအနေဖြစ်လာကြောင်း အဆိုပါ သတင်းဌာနက ဆက်လက်ဖော်ပြထားသည်။

ယခုအခါ မြောက်ကိုရီးယားနိုင်ငံသည် ၄င်း၏ အိမ်နီးချင်းနိုင်ငံများနှင့် မီးရထားနှင့် လေယာဉ်ပြေးဆွဲပျံသန်းမှုများ အားလုံးကို ရပ်ဆိုင်းထားသည်။

မြောက်ကိုရီးယားနိုင်ငံ၌ ဗိုင်းရပ်ကူးစက် ခံရသူများနှင့် သေဆုံးသူ အချို့ရှိနေသည်ဟု တောင်ကိုရီးယား သတင်းဌာန အချို့က ထုတ်ပြန်ထားသော်လည်း   ထိုသို့သော ဖြစ်စဉ်မျိုးကို  ကြားသိရခြင်း မရှိကြောင်း မြောက်ကိုရီးယားနိုင်ငံရှိ ကမ္ဘာ့ကျန်းမာရေး အဖွဲ့တာဝန်ရှိသူများက ပြောသည်။

Ref: The Straits Times

Read 17 times Last modified on Friday, 14 February 2020 09:01