SJ WorldNews - шаблон joomla Авто

စစ်ပွဲနှင့် ပတ်သက်၍ သမ္မတ၏ လုပ်ပိုင်ခွင့်ကို ကန့်သတ်မှု အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုဖြစ်ဟု ထရမ့်ပြော

Friday, 14 February 2020 09:01 font size decrease font size decrease font size increase font size increase font size

အမေရိကန်အောက်လွှတ်တော်က အတည်ပြုလိုက်ပြီး အထက်လွှတ်တော်သို့ တင်ထားသော စစ်ပွဲနှင့်ပတ်သက်၍ သမ္မတ၏ လုပ်ပိုင်ခွင့်ကို ကန့်သတ်သည့် ဥပဒေကြမ်းသည် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေပြီး  အီရန်ကို  အလွန်ဆိုးဆိုးဝါးဝါး အချက်ပြလိုက်ခြင်း ဖြစ်ကြောင်း အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ပြောသည်။

သမ္မတအနေဖြင့် ကွန်ဂရက်၏ ပထမဆုံး အတည်ပြုချက်မရယူဘဲ    တစ်ဖက်သတ် စစ်ဆင်နွှဲရန် အခွင့်အာဏာကို  ကန့်သတ်ထားသည့် စစ်ပွဲနှင့်ပတ်သက်၍  အာဏာသုံးစွဲမှု ဥပဒေကို ဒီမိုကရက်တစ် အမတ်များ ဦးဆောင်သော    အောက်လွှတ်တော်က အတည်ပြုထားခြင်း ဖြစ်သည်။

ထိုဥပဒေကြမ်းသည် နိုင်ငံ၏လုံခြုံရေးအတွက် အလွန်အရေးကြီးသောကြောင့် အထက်လွှတ်တော်အနေဖြင့် ယင်းဥပဒေကြမ်းကို အတည်မပြုရန်၊ အမေရိကန် အနေဖြင့်  အီရန်အပေါ် ကောင်းစွာ ထိန်းချုပ် ထားနိုင်သည့်အတွက်   ယခုအချိန်သည် အမေရိကန်၏ အားနည်းချက်ကို ထုတ်ပြရမည့်အချိန် မဟုတ်ကြောင်း ထရမ့်က တွစ်တာ၌ ရေးထားသည်။

ထို့ပြင် အမေရိကန်ပြည်သူများ အားလုံးက အကြမ်းဖက်သမား ဆိုလေမာနီ ချေမှုန်းခံရမှုအတွက် ထောက်ခံကြောင်း၊ သမ္မတ၏ အာဏာကို ထိန်းချုပ်လိုက်ပါက အီရန်အတွက်  အခွင့်ကောင်း ဖြစ်သွားမည် ဖြစ်ကြောင်း၊ ဒီမိုကရက်တစ်အမတ်များ၏ လုပ်ဆောင်မှုတိုင်းက ရီပတ်ဘလစ်ကန်ပါတီကို အခက်ကြုံအောင်သာ လုပ်ခြင်းဖြစ်ကြောင်း၊ အထက်လွှတ်တော် အနေဖြင့် ထိုသို့ဖြစ်ခွင့် မပေးသင့်ကြောင်း ထရမ့်က ဆက်ပြောသည်။

ထရမ့်သည် အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့တပ်မှူး ကာဆန်ဆိုလေမာနီကို အီရတ်နိုင်ငံ၌ လုပ်ကြံလိုက်ခြင်းဖြစ်ပြီး ယင်းနောက်ပိုင်းတွင် အီရတ်ရှိ   အမေရိကန်စစ်စခန်းများ တိုက်ခိုက်ခံရကာ အမေရိကန်စစ်သည်များ အပြင်းအထန် ဒဏ်ရာရသည့်အတွက် အောက်လွှတ်တော်က ယခုကဲ့သို့ ဥပဒေကြမ်းကို တင်သွင်းအတည်ပြုလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

 Ref: Sputnik

Read 16 times Last modified on Friday, 14 February 2020 09:02