SJ WorldNews - шаблон joomla Авто

တရုတ်အစိုးရက ဝူဟန်နှင့် ဟူဘေးရှိ ပါတီအကြီးအကဲများကို ရာထူးမှ ထုတ်ပယ်

Friday, 14 February 2020 09:03 font size decrease font size decrease font size increase font size increase font size

ကူးစက်မြန်  ပြင်းထန်နိုဗယ်ကိုရိုနာဗိုင်းရပ်နှင့် ပတ်သက်၍ အစောပိုင်းတွင် သတင်းထိမ်ချန်သော ဝူဟန်မြို့နှင့်ဟူဘေးပြည်နယ်တို့မှ ကွန်မြူနစ်ပါတီ အကြီးအကဲများကို ရာထူးမှ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် သတင်းဌာနက ဖေဖော်ဝါရီ ၁၃ ရက်တွင် ဖော်ပြသည်။

ဟူဘေးပြည်နယ်   ကွန်မြူနစ်ပါတီ အတွင်းရေးမှူး   ကျန်းချောင်းလျန်ကို ရှန်ဟိုင်းမြို့တော်ဝန် ယင်းယောင်နှင့် လည်းကောင်း၊ ဝူဟန်မြို့ကွန်မြူနစ်ပါတီဥက္ကဋ္ဌမာကောချန်ကို ကျီနန်ပြည်နယ် ကွန်မြူနစ်ပါတီ အတွင်းရေးမှူး ဝမ်ကျုံးလင်နှင့်လည်းကောင်း အစားထိုးလိုက်ခြင်း ဖြစ်သည်။

ယခုကဲ့သို့ ပါတီအကြီးအကဲများကို ရာထူးမှ ထုတ်ပယ်မှုသည်    လက်ရှိအချိန်တွင် လူ ၁၃ဝဝ ကျော်သေဆုံးထားပြီ ဖြစ်သော နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ပျံ့နှံ့မှု စတင်ဖြစ်ပွားချိန်မှစ၍ အကြီးမားဆုံး နိုင်ငံရေးအရ အရေးယူမှုဖြစ်သည်။

ဟူဘေးပြည်နယ်သို့ ထိပ်တန်းတာဝန်ရှိသူများကို စေလွှတ်ပြီး နောက်နှင့် ဝူဟန်မြို့မှ ဆရာဝန် လီဝမ်းလျန် သေဆုံးမှုကြောင့် ပြည်သူများအကြား အမျက်ဒေါသထွက်နေစဉ် ယခုကဲ့သို့ အရေးယူမှု ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

ဒေါက်တာလီဝမ်းလျန်သည် နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူးစက်ပျံ့နှံ့နိုင်မှုနှင့် ပတ်သက်၍ ပထမဆုံး သတိပေးခဲ့သူ ဖြစ်သော်လည်း ၄င်းသည် သတင်းအမှား ဖြန့်နေသည်ဟု ဆိုကာ ရဲတပ်ဖွဲ့၏ ခေါ်ယူ သတိပေးခြင်းကို ခံရသူဖြစ်သည်။ ယခုအခါ လီဝမ်းလျန်မှာ   လူနာများကို  ကုသပေးနေရင်း ၄င်းကိုယ်တိုင်ဗိုင်းရပ် ကူးစက်ခံရပြီးနောက် သေဆုံးသွားခြင်း ဖြစ်သည်။

Ref: Bloomberg

Read 17 times Last modified on Friday, 14 February 2020 09:04