SJ WorldNews - шаблон joomla Авто

ဟောင်ကောင် အထူးဒေသ၌ မတ် ၁၆ ရက်အထိ စာသင်ကျောင်းများ ပိတ်မည်

Friday, 14 February 2020 09:05 font size decrease font size decrease font size increase font size increase font size

ဟောင်ကောင် အထူးဒေသ၌ စာသင်ကျောင်းများကို မတ် ၁၆ ရက်အထိ ပိတ်ထားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီး ကီဗင်ယန်းက  ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြောသည်။

နိုဗယ်ကိုရိုနာဗိုင်းရပ် ကာကွယ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေး တာဝန်ရှိသူများ၏ လမ်းညွှန်မှုများကို  လိုက်နာသွားမည် ဖြစ်ကြောင်းနှင့် ကျောင်းများ ပြန်ဖွင့်မည့် အချိန်ကို ပြန်ကြေညာပေးမည် ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

ဟောင်ကောင်အထူးဒေသရှိ ကျောင်းသားများအနေဖြင့် တရုတ်နှစ်သစ်ကူးကာလ ကျောင်းပိတ်ချိန်မှစ၍ ယနေ့အချိန်အထိ ကျောင်းပြန်မတက်ရသေးကြောင်း သိရသည်။

ကျောင်းသားများ အနေဖြင့် ကျောင်းများပိတ်ထားချိန်တွင်   အွန်လိုင်းမှတစ်ဆင့် လေ့လာသင်ယူမှုများကို ဆက်လက် လုပ်ဆောင်ရန် ကီဗင်ယန်းက တိုက်တွန်းထားသည်။

လူစုလူဝေးမဖြစ်စေရန်နှင့် လူအများအပြား သွားလာလှုပ်ရှားမှု မရှိစေရန်တို့သည် နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ပျံ့နှံ့မှုကို ကာကွယ်ရန်နှင့် ထိန်းချုပ်ရန် အကောင်းဆုံးသော နည်းလမ်းများ ဖြစ်သည်။ လက်ရှိတွင် ဟောင်ကောင် အထူးဒေသ၌    အဆိုပါ ဗိုင်းရပ်ကူးစက်ခံထားရသူ အယောက် ၅ဝ ရှိကြောင်း သိရသည်။

Ref: Bloomberg

Read 22 times Last modified on Friday, 14 February 2020 09:13