SJ WorldNews - шаблон joomla Авто

စစ်သည်များကို ထိခိုက်စေပါက ဆီးရီးယားတပ်များကို တူရကီ ပြန်တိုက်ခိုက်မည်

Friday, 14 February 2020 09:06 font size decrease font size decrease font size increase font size increase font size

တူရကီစစ်သည်များကို ထိခိုက်စေပါက ဆီးရီးယားတပ်များကို ပြန်လည်တိုက်ခိုက်မည် ဖြစ်ကြောင်း တူရကီသမ္မတ ရီဆပ်တေ ယစ်အာဒိုဂန်က ပြောသည်။

ဆီးရီးယားတပ်များသည် လက်ရှိတွင် နိုင်ငံအနောက်မြောက်ပိုင်း အိုင်ဒလစ်ပြည်နယ်ရှိ နယ်မြေများကို သူပုန်များထံမှ ပြန်လည်သိမ်းပိုက်ရန် ထိုးစစ်ဆင်နေသည်။ ထိုသို့ ထိုးစစ်ဆင်မှုတွင် တူရကီစစ်သည်များ ထိခိုက်မှုရှိပါက   ဆီးရီးယားတပ်များကို မည်သည့်နေရာတွင်မဆို ပြန်လည်တိုက်ခိုက်မည် ဖြစ်ကြောင်း၊ ထို့ပြင် ဆီးရီးယားတပ်များကို    တူရကီအကဲကြည့် စခန်းများနှင့် ဝေးရာသို့ ယခုလကုန်ပိုင်းတွင် ပြောင်းရွှေ့ခိုင်းမည် ဖြစ်ကြောင်း အာဒိုဂန်က ပြောသည်။

တစ်ချိန်တည်းမှာပင် တူရကီအစိုးရသည် ဆီးရီးယားရှိ စစ်သွေးကြွများကို ချေမှုန်းရန် ချမှတ်ထားသည့်   သဘော တူညီချက်ကို ချိုးဖောက်ကာ ဆီးရီးယားနှင့် ရုရှားတပ်ဖွဲ့ဝင်များကို တိုက်ခိုက်နေသည်ဟု ရုရှားအစိုးရက ပြောထားသည်။

တူရကီနိုင်ငံသည်  ဆီးရီးယားသမ္မတ ဘာရှာအယ်အာဆတ်ကို ဆန့်ကျင်တိုက်ခိုက်နေသည့် သူပုန်အဖွဲ့အချို့နှင့် မဟာမိတ်ဖွဲ့ထားသည်။ ပြီးခဲ့သည့် ၁ဝ ရက်တွင် ဖြစ်ပွားသော အမြောက်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုတွင် တူရကီစစ်သည် ၁၃ ဦး သေဆုံးပြီးနောက် တူရကီက ဆီးရီးယား တပ်များကို တန်ပြန်ထိုးစစ်ဆင်နွှဲကြောင်း သိရသည်။

Ref: The Straits Times

Read 32 times Last modified on Friday, 14 February 2020 09:07