SJ WorldNews - шаблон joomla Авто

ဖင်လန်နိုင်ငံက ၂ဝ၁၉ ခုနှစ်တွင် လူပေါင်း ၁၉၆၃ ဦးကို ပြည်နှင်ဒဏ်ပေး

Friday, 14 February 2020 09:07 font size decrease font size decrease font size increase font size increase font size

ဖင်လန်နိုင်ငံ၌ ၂ဝ၁၉ ခုနှစ်တွင် လူဝင်မှုမူဝါဒ ပြောင်းလဲပြီးနောက် လူပေါင်း ၁၉၆၃ ဦးကို ပြည်နှင်ဒဏ်ပေးကြောင်းနှင့် ယင်းအရေအတွက်သည် ၂ဝ၁၈ ခုနှစ်ထက် ၈ဝ ရာခိုင်နှုန်းနီးပါး မြင့်တက်လာကြောင်း Yle သတင်းဌာနက ထုတ်ပြန်သည်။

 ပြည်နှင်ဒဏ် ပေးခံရသူများတွင် အထောက်အထား အတုများဖြင့် နေထိုင်ခွင့်ရထားသူများ၊   ပြစ်မှုကျူးလွန်သူများ၊   စာပေသင်ယူမှု ကန့်သတ်ခံရသူများ သို့မဟုတ် ၄င်းတို့အချင်းချင်း မထောက်ခံသူများ ပါဝင်သည်။ ထို့ပြင်  ပြည်နှင်ဒဏ်ပေးခံရသူများအနက် အများဆုံးမှာ ဥဇဘက်ကစ္စတန်နိုင်ငံသား ၃၃၃ ဦးဖြစ်ပြီး ထိုသူများသည် အမှန်တကယ်မရှိသော ဆိုဗီယက်ခေတ် သက်မွေးကောလိပ်တစ်ခုမှ လေ့ကျင့်ရေး လက်မှတ်အတုများ အသုံးပြု၍ ဆောက်လုပ်ရေး လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေသူများ ဖြစ်သည်။

ဖင်လန်နိုင်ငံ၌ လူတစ်ဦးက ရာဇဝတ်မှု တစ်ခုကျူးလွန်ပြီးနောက်   အနည်းဆုံး ထောင်ဒဏ်တစ်နှစ် ကျခံရသူများကို ပြည်နှင်ဒဏ်ပေးလေ့ရှိသည်။ ယင်းပြစ်မှုများတွင် ခိုးမှု၊ မူးယစ်ဆေးဝါးမှုနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ပါဝင်သည်။

ပြည်နှင်ဒဏ်ပေးခံရသူများပြားလာရသည့် အခြားအကြောင်းရင်းမှာ  လူဝင်မှုကြီးကြပ်ရေးဌာန အနေဖြင့် ဖင်လန်နိုင်ငံ၌ နေထိုင်သော   ပြည်ပနိုင်ငံသားများကို ကြီးကြပ်မှု အရှိန်အဟုန်မြှင့် လုပ်ဆောင်ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။         

ယင်းကဲ့သို့လုပ်ဆောင်ခြင်းက ရွှေ့ပြောင်းနေထိုင် သူများအနေဖြင့်    ဟန်ဆောင်လက်ထပ်ခြင်း မှတစ်ဆင့် နေထိုင်ခွင့် ရယူနေသည့် ကိစ္စများကို ကိုင်တွယ်နိုင်ကြောင်း သိရသည်။              

Ref: Sputnik

Read 33 times Last modified on Friday, 14 February 2020 09:09