SJ WorldNews - шаблон joomla Авто

ဆိုင်ကယ်စီးနင်းလာသူထံမှ စိတ်ကြွဆေးပြားများ ရှာဖွေတွေ့ရှိ

Friday, 14 February 2020 09:10 font size decrease font size decrease font size increase font size increase font size

ကချင်ပြည်နယ်      မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာအနီး မော်ဟန်-နမ္မချီးသွား ကားလမ်း၌ ဖေဖော်ဝါရီ ၁၂ ရက် ညနေ ၆ နာရီ ၁ဝ မိနစ်က ဆိုင်ကယ်စီးနင်းလာသူထံမှ  စိတ်ကြွဆေးပြားများ   ရှာဖွေတွေ့ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိုးညှင်းမြို့နယ် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၃)မှ  ရဲအုပ်နေလင်းထွန်း ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက မူးယစ်ဆေးဝါး သတင်းအရ သက်သေများနှင့်အတူ မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာအနီး မော်ဟန်-နမ္မချီးသွားကားလမ်းပေါ်၌ စောင့်ဆိုင်းနေစဉ် ကျော်စိုးလင်း(ခ)ကိုလင်း ၃၈ နှစ် မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွဆေးပြား ၅၆ဝ ပြားနှင့် ကော်ဘူးဖြင့် ထည့်ထားသော ဘိန်းဖြူမှုန့်အလေးချိန် သုည ဒသမ ၃ ဂရမ်တို့ကို သိမ်းဆည်းရမိသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ကျော်စိုးလင်းအား မိုးညှင်းမြို့မ ရဲတပ်ဖွဲ့စခန်းက မယ(ပ) ၂၂/၂ဝ၂ဝ၊ မူး/စိတ်ဥပဒေပုဒ်မ ၁၉(က)အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Read 34 times Last modified on Friday, 14 February 2020 09:11