SJ WorldNews - шаблон joomla Авто

သွေးရောင်လွှမ်းတဲ့ရေတံခွန်

Sunday, 16 February 2020 13:42 font size decrease font size decrease font size increase font size increase font size

ငါးထပ်အမြင့်ရှိတဲ့  သွေးရေတံခွန်မှ သွေးရောင်ရေတွေဟာ အန္တာတိကတိုက်ရဲ့ မက်မာဒိုဒရိုင်း ချိုင့်ဝှမ်းထဲမှာရှိတဲ့ တေလာရေခဲမြစ်ထဲကို ဖြည်းညင်းညင်သာစွာ စီးဝင်နေပါတယ်။

ဘူမိဗေဒပညာရှင်တွေက ဒီရေတံခွန်ကို ၁၉၁၁ ခုနှစ်မှာစတင် ရှာဖွေတွေ့ရှိတာဖြစ်ပြီး အဲဒီလိုတွေ့ရှိချိန်မှာ သွေးရောင်ရေတွေဟာ ရေညှိတွေကြောင့် ဖြစ်နိုင်တယ်လို့ သူတို့က ယူဆကြပါတယ်။

တကယ်တမ်းတော့ ဒါတွေဟာ သဘာဝ တရားကြီးကနေ ပြောင်းလဲပေးလိုက်တဲ့ ခမ်းနားကြီးကျယ်လှတဲ့ အလှတရား တစ်ခုဖြစ်ပါတယ်။

အကြမ်းဖျင်းအားဖြင့်ဆိုရလျှင် လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်သန်းခန့်တုန်းက တေလာရေခဲမြစ်ကြီးရဲ့အောက်မှာ ရှေးဟောင်း အဏုဇီဝ ပိုးမွှားတွေနဲ့ပြည့်နေတဲ့ ရေကန်ငယ် တစ်ခုရှိပါတယ်။

အဲဒီအဏုဇီဝ ပိုးမွှားတွေက ထူထဲလှတဲ့ ရေခဲလွှာကြီးအောက်မှာ ပိတ်မိနေတာကြောင့် ပြင်ပကမ္ဘာနဲ့လည်း အဆက်ပြတ်နေပါတယ်။

ဒါ့အပြင် အပူချိန်နည်းနည်း၊ အောက်ဆီဂျင် မရှိတဲ့နေရာမှာ နေရတဲ့ အဏုဇီဝပိုးမွှားတွေက ကမ္ဘာဦး အစကတည်းက တည်ရှိနေတာပါ။

ရေခဲမြစ်အောက်မှာ ပိတ်မိနေတဲ့ ရေကန်ကလည်း ဆားငန်ဓာတ်နဲ့ သံဓာတ်တွေ အလွန်ပေါကြွယ်ဝလှပါတယ်။ ဒါကြောင့်လည်း အဲဒီရေကန်ကနေ စိမ့်ထွက်လာတဲ့ ရေတွေကသွေးရောင် ပေါက်နေရတာဖြစ်ပါတယ်။

ဒီလိုသွေးရေတံခွန် တည်ရှိမှုကိုကြည့်မယ်ဆိုရင် သက်ရှိတွေဟာ အလွန်ဆိုးဝါးတဲ့ အခြေအနေမျိုးမှာလည်း ရှင်သန်နိုင်တယ်ဆိုတာကို တွေ့ရပါတယ်။ဒါကြောင့် ဒီလိုမျိုးသက်ရှိတွေဟာ ကမ္ဘာဂြိုဟ် အပြင်ဘက်ရှိ တခြားဂြိုဟ်တွေ မှာလည်း တည်ရှိနိုင်မလားဆိုပြီး သိပ္ပံပညာရှင်တွေက ယူဆကြပါတယ်။ လက်ရှိအချိန်မှာ တော့  အန္တာတိကတိုက်မှ သွေးရေတံခွန်ဟာ သိပ်္ပံနည်းအရရော အမြင်အရပါ အံ့အားသင့်ဖွယ် ကောင်းနေသည့် နေရာတစ်ခုအဖြစ် ဆက်လက် တည်ရှိနေပါတယ်။

Read 24 times Last modified on Sunday, 16 February 2020 13:43