SJ WorldNews - шаблон joomla Авто

ဆော်ဒီညွန့်ပေါင်းအဖွဲ့၏ တိုက်လေယာဉ် ဟူသီသူပုန်များ၏ ဒုံးကျည်ထိမှန်ကြောင်း ဆော်ဒီအစိုးရ အတည်ပြု

Sunday, 16 February 2020 13:45 font size decrease font size decrease font size increase font size increase font size

ယီမင်နိုင်ငံအတွင်း လေကြောင်းမှ တိုက်ခိုက်မှုများ လုပ်နေသည့်  ဆော်ဒီအာရေဗျ ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့၏ တိုက်လေယာဉ်သည်   ဟူသီသူပုန်များ၏ ဒုံးကျည်ထိမှန်ခံရကြောင်း   ဆော်ဒီအစိုးရက အတည်ပြု ထုတ်ပြန်ထားသည်။

တော်နေးဒိုးအမျိုးအစား  အဆိုပါ တိုက်လေယာဉ်သည် ဟူသီသူပုန်များ၏ မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်ဖြင့် အပစ်ခံရပြီးနောက် ယီမင်နိုင်ငံမြောက်ပိုင်းရှိ အယ်ဂျော့ပြည်နယ်၌ပျက်ကျသွားကြောင်း  ညွန့်ပေါင်းအဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက  ဖေဖော်ဝါရီ ၁၅ ရက်တွင်ပြောသည်။

ဟူသီသူပုန်များသည် အဆင့်မြင့်မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်ဖြင့်  ရန်သူ့တိုက်လေယာဉ် တစ်စင်းကို ပစ်ချလိုက်နိုင်ကြောင်း ထိုသူပုန်အဖွဲ့မှပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ယားယာဆာရီယာက  ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြောသည်။

အင်ဂျင်နှစ်လုံးတပ် ပါနာဗီယာတော်နေးဒိုး တိုက်လေယာဉ်သည် ဘက်စုံသုံး တိုက်ခိုက်ရေး ဗုံးကြဲလေယာဉ်ဖြစ်ပြီး ဗြိတိန်၊ အီတလီ နှင့်အနောက်ဂျာမနီတို့က စစ်အေးကာလအတွင်း ပူးတွဲထုတ်လုပ်ထားခြင်းဖြစ်သည်။

ထိုလေယာဉ်များကို     တော်ဝင်ဆော်ဒီလေတပ်၌ အသုံးပြုနေခြင်း ဖြစ်ကြောင်း သိရသည်။

Read 23 times Last modified on Sunday, 16 February 2020 13:46