SJ WorldNews - шаблон joomla Авто

တရုတ်အစိုးရက ဟူဘေးပြည်နယ်သို့ဆရာဝန် ၂၅၀၀၀ ကျော်စေလွှတ်

Sunday, 16 February 2020 13:49 font size decrease font size decrease font size increase font size increase font size

တရုတ်နိုင်ငံ၌   နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူ ၆၆၄၉၂ ဦးအထိ မြင့်တက်လာချိန်တွင် အစိုးရက ဟူဘေးပြည်နယ်သို့ ဆရာဝန် ၂၅၀၀၀ ကျော် စေလွှတ်လိုက်ကြောင်း အမျိုးသား ကျန်းမာရေး ကော်မရှင်က ဖေဖော်ဝါရီ ၁၅ ရက်တွင် ထုတ်ပြန်သည်။

ထိုဆရာဝန်များသည်   နိုင်ငံ၏ ဒေသအသီးသီးမှဖြစ်ပြီး  ဗိုင်းရပ်ကူးစက် ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ကြိုးပမ်းနေသည့်   လုပ်ဖော်ကိုင်ဖက်များကို   အကူအညီ ပေးမည်ဖြစ်ကြောင်း ကျန်းမာရေး ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

လက်ရှိတွင် အစိုးရက ဟူဘေးပြည်နယ်သို့   ဆရာဝန် ၂၅၆၃၃ ဦး ပါဝင်သည့် ဆေးကုသရေးအဖွဲ့၂၁၇ ဖွဲ့နှင့် ၀ူဟန်မြို့သို့ ဆရာဝန်၂၀၃၇၄ ဦးပါဝင်သည့် ဆေးကုသရေး အဖွဲ့ ၁၈၁ ဖွဲ့ကို ပို့ဆောင်ထားပြီး ဖြစ်သည်။ ထို့ပြင်   တရုတ်စစ်ဘက်ကလည်း ဆရာဝန်များကို   စေလွှတ်ထားကြောင်း ကျန်းမာရေး ကော်မရှင်မှ ဒုတိယ ညွှန်ကြားရေးမှူး ၀မ်ဟေရှမ်က ပြောသည်။

ကိုဗစ်-၁၉ ဟုတရားဝင် အမည်ပေးထားသည့် ရောဂါကိုဖြစ်ပွားစေသော   အဆိုပါ ဗိုင်းရပ်ကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ၀ူဟန်မြို့မှ စတင်တွေ့ရှိပြီး ယခုအခါ နိုင်ငံပေါင်း ၂၅ နိုင်ငံသို့ ကူးစက်ပျံ့နှံ့သွားပြီ ဖြစ်သည်။

ဖေဖော်ဝါရီ ၁၄ ရက် ထုတ်ပြန်ချက်အရ ဗိုင်းရပ် ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၅၂၆ ဦးရှိပြီး ရောဂါ ပျောက်ကင်းသူ ၈၀၉၆ ဦးရှိသည်။        

Read 24 times Last modified on Sunday, 16 February 2020 13:49