SJ WorldNews - шаблон joomla Авто

တရုတ်အစိုးရက အသုံးပြုပြီး ငွေစက္ကူများကို ပိုးသတ်ပြီး သီးသန့်ခွဲထား

Sunday, 16 February 2020 13:53 font size decrease font size decrease font size increase font size increase font size

တရုတ်အစိုးရသည် နိုင်ငံအတွင်း ကူးစက်ပျံ့နှံ့နေသည့်   နိုဗယ်ကိုရိုနာဗိုင်းရပ်ကို တိုက်ဖျက်သည့် လုပ်ငန်းတစ်ရပ်အနေဖြင့် အသုံးပြုပြီးသား ငွေစက္ကူများကို ပိုးသတ်ခြင်းနှင့် သီးသန့်ခွဲထားခြင်းတို့ လုပ်ဆောင်နေကြောင်း တာဝန်ရှိသူများက ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြောသည်။

ဘဏ်များသည် ငွေစက္ကူများကို ပိုးသတ်ရန် ခရမ်းလွန်ရောင်ခြည် သို့မဟုတ် မြင့်မားသော အပူချိန်များကို အသုံးပြုပြီး ထိုငွေများကို ခုနစ်ရက်  သို့မဟုတ် ၁၄ ရက်ကြာ သီးသန့်ခွဲပြီး သိမ်းထားသည်။   ပြီးမှသာ ပြန်လည် အသုံးပြုခြင်းဖြစ်ကြောင်း တရုတ် ဗဟိုဘဏ်က သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင်ပြောသည်။

ထို့ပြင် ဖြစ်နိုင်ပါက ဘဏ်များ အနေဖြင့် ပြည်သူများအား ငွေစက္ကူအသစ်များ ထုတ်ပေးရန် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဖန်ယီဖေက တိုက်တွန်းထားသည်။

အလားတူ ငွေစက္ကူအရေးပေါ် ထုတ်ပေးခြင်း အစီအစဉ်အရ ဗိုင်းရပ်ကူးစက် ပျံ့နှံ့မှု စတင်ဖြစ်ပွားရာ   ဟူဘေးပြည်နယ်သို့ ယွမ် ၄ ဘီလီယံတန်ဖိုးရှိ ငွေစက္ကူအသစ်များ ထုတ်ပေးထားကြောင်း ဖန်ယီဖေက ဆက်ပြောသည်။

ယင်းသို့လုပ်ဆောင်ရခြင်းသည် ပြည်သူများအနေဖြင့် ငွေစက္ကူများကို အသုံးပြုသည့်အခါ ကျန်းမာရေးအရ စိတ်ချရမှုရှိစေရန် ဖြစ်ကြောင်း ၎င်းကပြောသည်ဟု သိရသည်။

Read 28 times Last modified on Sunday, 16 February 2020 13:54