SJ WorldNews - шаблон joomla Авто

အမေရိကန်က ဥရောပသမဂ္ဂမှ လေယာဉ်များကို အခွန် ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံမည်

Sunday, 16 February 2020 13:57 font size decrease font size decrease font size increase font size increase font size

အမေရိကန်အစိုးရသည် မတ် ၁၈ ရက်မှစ၍    ဥရောပသမဂ္ဂမှ တင်သွင်းသည့် လေယာဉ်များ အပေါ် အခွန် ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံမည်ဟု အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးက   ဖေဖော်ဝါရီ ၁၄ ရက်တွင် ထုတ်ပြန်သည်။

ဥရောပသမဂ်္ဂက အဲဘတ်(စ်)ကုမ္ပဏီအား တရားမ၀င် ငွေကြေးထောက်ပံ့ပေးမှုကြောင့် အမေရိကန်ကုမ္ပဏီဖြစ်သည့် ဘိုးအင်းကုမ္ပဏီ၏ အထိနာမှုအပေါ် လက်တုံ့ပြန်သည့်အနေဖြင့်ယခုကဲ့သို့ အခွန် တိုးမြှင့်ကောက် ခံခြင်းဖြစ်သည်။

အမေရိကန်အစိုးရသည် အောက်တိုဘာ ၁၈ ရက်တွင် အဲဘတ်(စ်)ကုမ္ပဏီမှ လေယာဉ်များအပေါ် အခွန် ၁၀ ရာခိုင်နှုန်း၊ ဒိန်ခဲနှင့် စပိန်သံလွင်ဆီကဲ့သို့ ဥရောပစားသောက် ကုန်အချို့အပေါ် အခွန် ၂၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံပြီးဖြစ်သည်။စကော့နှင့်ပြင်သစ်ဝိုင်ကဲ့သို့ ဥရောပ ထုတ်ကုန်အချို့အပေါ် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံနေမှုကို ဖယ်ရှားလိုက်ကြောင်းနှင့် ထုတ်ပြန်ထားပြီးဖြစ်သော ကုန်ပစ္စည်းစာရင်းတွင်  အနည်းငယ်ပြောင်း လဲမှုများ လုပ်ဆောင်ထားကြောင်း   အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Read 27 times Last modified on Sunday, 16 February 2020 13:59