SJ WorldNews - шаблон joomla Авто

ထိုင်းဝန်ကြီးချုပ်က သေနတ်ဖြင့် ပစ်ခတ်မှုတွင် နစ်နာသူများ၏ မိသားစုဝင်များကို ထောက်ပံ့ငွေ ပေးအပ်

Thursday, 20 February 2020 10:35 font size decrease font size decrease font size increase font size increase font size

ထိုင်းဝန်ကြီးချုပ်ပရာယုချန်အိုချာသည် ဖေဖော်ဝါရီ ၁၉ ရက်တွင် နိုင်ငံအရှေ့မြောက်ပိုင်းရှိ နခွန်ရက်ချာဆီမာ ပြည်နယ်သို့ ရောက်ရှိလာပြီး မကြာသေးမီက ဖြစ်ပွားသော စစ်သည်တစ်ဦး၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် နစ်နာသူများ၏ မိသားစုဝင်များကို ထောက်ပံ့ငွေများ ပေးအပ်သည်။

စစ်သည်အားလုံးသည် အကျင့်စာရိတ္တ ဆိုးဝါးပြီး လူသတ်နေသူများ မဟုတ်ကြောင်း တစ်ချိန်က  စစ်သည်တစ်ဦး ဖြစ်ခဲ့ဖူးသည့် ပရာယုချန်အိုချာက ပြောသည်။

ယခုလအစောပိုင်းတွင် သွေးရူးသွေးတန်း ဖြစ်နေသည့် စစ်သည်တစ်ဦးသည် တာမီနယ် ၂၁ ကုန်တိုက်၌ သေနတ်ဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်ရာ လူ ၂၉ ဦး သေဆုံးပြီး ၅ဝ ကျော်ဒဏ်ရာ ရရှိသည်။

ပရာယုချန်အိုချာသည် သဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေး ရန်ပုံငွေမှ ဘတ် ၃၄ ဒသမ ၅ သန်းကို ထောက်ပံ့ငွေအဖြစ် ပေးအပ်ခြင်း ဖြစ်ပြီး သေဆုံးသူများ၏ မိသားစုတစ်စုဆီက ဘတ် တစ်သန်းဆီ၊ သာမန်ဒဏ်ရာ ရရှိသူ တစ်ဦးလျှင်    ဘတ် တစ်သိန်းဆီ၊ အပြင်းအထန် ဒဏ်ရာရသူ တစ်ဦးလျှင် ဘတ်နှစ်သိန်းဆီ ရရှိသည်။

ထို့ပြင်    ထိုင်းနိုင်ငံအစိုးရ အနေဖြင့် ပြည်သူများကို ပစ်ထားမည် မဟုတ်ဘဲ ခက်ခဲသော အချိန်များကို   ပြည်သူ များနှင့်အတူ ဖြတ်သန်းမည် ဖြစ်ကြောင်းနှင့် ပြည်သူများ၏အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ပြန်လည်ရရှိစေရန် ကြိုးပမ်းပေးမည် ဖြစ်ကြောင်း ပရာယုချန်အိုချာက ပြောသည်ဟု သိရသည်။               

 Ref: Xinhua

Read 51 times Last modified on Thursday, 20 February 2020 10:36