SJ WorldNews - шаблон joomla Авто

ဆင်းရဲမှုကိုလျှော့ချရန် ချမ်းသာသူများက ဆင်းရဲသူများကို လက်ထပ်ရမည်ဟု အင်ဒိုနီးရှားဝန်ကြီးပြော

Friday, 21 February 2020 10:15 font size decrease font size decrease font size increase font size increase font size

နိုင်ငံအတွင်း ဆင်းရဲမှုကိုလျှော့ချရန် ချမ်းသာသူများက ဆင်းရဲသူများကို လက်ထပ်ရမည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ၏ လူသားမျိုးနွယ် တိုးတက်မှုညှိနှိုင်းရေးနှင့် ယဉ်ကျေး မှုဝန်ကြီး မူဟတ်ဂျာအတ်ဖန်ဒီက ပြောသည်။ အဆိုပါ ဝန်ကြီး၏ ပြောဆိုချက်ကြောင့် နိုင်ငံတစ်ဝန်း ရုတ်ရုတ်သဲသဲဖြစ်ပွားကြောင်း သိရသည်။

အစ္စလာမ်ဘာသာ အဆုံးအမ၌ ဖော်ပြထားသော အိမ်ထောင်ဖက်ရွေးချယ်ရာတွင် သင့်တော်သည့်သူ၊ လိုက်ဖက်သည့်သူကို ရွေးချယ်ရမည် ဟူသောဝါဒကို တစ်ခါတစ်ရံတွင် စီးပွားရေး အဆင့်အတန်းညီမျှသူကို လက်ထပ်ရမည်ဟု   နားလည်မှု လွဲတတ်ကြောင်း မူဟတ်ဂျာအတ်ဖန်ဒီက ပြောသည်။

ဆင်းရဲသည့် မိသားစုမှ အမျိုးသားတစ်ဦးသည် ဆင်းရဲသည့်မိသားစုမှ  အမျိုးသမီး တစ်ဦးကိုလက်ထပ်ပါက   ဆင်းရဲသည့် နောက်ထပ်မိသားစုတစ်ခုကိုသာ  ဖန်တီးသကဲ့သို့ ဖြစ်နေမည်ဟု ၄င်းကဆိုသည်။

ထိုအချက်ကို ကြည့်ခြင်းအားဖြင့် ဆင်းရဲသည့် မိသားစုမှ လူတစ်ဦးကို လက်ထပ်လိုက်သည့် သားသမီးကြောင့် မိဘများ အရှက်ရစေမည်ဟု ၄င်းကမှတ်ချက်ပြုသည်။ ထိုကဲ့သို့ အတွေးအခေါ် အယူအဆကို ပြောင်းလဲ ရမည်ဖြစ်ကြောင်း၊ ဆင်းရဲမှုတိုက်ဖျက်ရေးကို  ဂုဏ်ယူစရာအဖြစ် မှတ်ယူသင့်ကြောင်း မူဟတ်ဂျာအတ်ဖန်ဒီက ဆက်ပြောသည်။

အင်ဒိုနီးရှားနိုင်ငံ၌ အိမ်ထောင်စု ၅၇ သန်းကျော်အနက် ၉ ဒသမ ၄ ရာခိုင်နှုန်းသည် ဆင်းရဲနေပြီး ၂ဝ၁၉ ခုနှစ် စက်တင် ဘာလတွင် ကောက်ယူသော  အစိုးရ၏ သတင်းအချက်အလက်များကို ကိုးကား၍ မူဟတ်ဂျာအတ်ဖန်ဒီက ပြောသည်။ အင်ဒိုနီးရှားနိုင်ငံ၌ လူဦးရေသန်း ၂၆ဝ ရှိပြီး ကမ္ဘာတွင် စတုတ္ထမြောက်လူဦးရေ အထူထပ်ဆုံးနိုင်ငံဖြစ်သည်။

အင်ဒိုနီးရှားအမျိုးသမီး ၁ဝ ဦးအနက် သုံးဦးသည် ကလေးမွေးဖွားရပြီး ဆင်းရဲသော မိသားစုမှ ထိုကလေးငယ်များသည် ကြီးထွား မှုနှေးကွေးပြီး အသိဉာဏ်နှင့် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု အားနည်းကြောင်း ၄င်းကဆက်ပြောသည်။ ထို့ကြောင့် ဆင်းရဲသူနှင့် ချမ်းသာသူတို့ လက်ထပ်သင့်ကြောင်း၊ ထိုကဲ့သို့ပြောဆိုခြင်းသည် မဖြစ်မနေလုပ်ရမည့် စည်းကမ်းချက် မဟုတ်ကြောင်း မူဟတ်ဂျာအတ်ဖန်ဒီက ပြောသည်ဟု သိရသည်။

Ref: The Straits Times

Read 24 times Last modified on Friday, 21 February 2020 10:16