SJ WorldNews - шаблон joomla Авто

အိန္ဒိယက ကျိုင်းကောင်များကို တားဆီးရန် ဒရုန်းနှင့် အဆင့်မြင့်ပစ္စည်း ကိရိယာများ ဝယ်ယူ

Friday, 21 February 2020 10:16 font size decrease font size decrease font size increase font size increase font size

ကောက်ပဲသီးနှံများကို  ဖျက်ဆီးစား သောက်သည့် ကျိုင်းကောင်များ နိုင်ငံအတွင်း ရောက်ရှိလာသည့်အတွက် အိန္ဒိယအနေဖြင့် ဒရုန်းများ၊ ကျိုင်းကောင်များရွေ့လျားမှုကို စောင့်ကြည့်သည့်  အဆင့်မြင့်ပစ္စည်း ကိရိယာများနှင့် ပိုးသတ်ဆေးဘူးများကို ဝယ်ယူထားကြောင်း အစိုးရအဖွဲ့ကပြောသည်။

ယခုနှစ်အစောပိုင်းတွင် အိန္ဒိယတာဝန်ရှိ သူများသည် နိုင်ငံအတွင်းသို့ ကျိုင်းကောင်များ ရောက်ရှိလာသည့်အတွက် ကျိုင်းကောင် များကို နှိမ်နင်းနိုင်သော်လည်း အိမ်နီးချင်း နိုင်ငံဖြစ်သည့် ပါကစ္စတန်နိုင်ငံ၌  ဂျုံနှင့် ဆီထုတ်လုပ်သည့် သီးနှံကဲ့သို့ ကောက်ပဲသီးနှံများ ဘေးကင်းရေးအတွက်  စိုးရိမ်ပူပန်မှုများ  မြင့်တက်နေကြောင်း  သိရသည်။

ကျိုင်းကောင်အုပ်များသည် လေနှင့်အတူ တစ်နေ့လျှင် ကီလိုမီတာ ၁၅ဝ အကွာအဝေး ထိပျံသန်းနိုင်ကြောင်းနှင့် အရွယ်ရောက်ပြီး ကျိုင်းကောင်သည် ကောက်ပဲသီးနှံများကို  တစ်နေ့လျှင် ၄င်း၏ကိုယ်အလေးချိန်နှင့် ညီမျှသည့် ပမာဏအထိ စားသောက်ကြောင်း သိရသည်။

ကျိုင်းကောင်အုပ်စုငယ် တစ်ခုသည် တစ်နေ့လျှင် လူပေါင်း ၃၅ဝဝ ခန့်စားသုံးသည့် ပမာဏခန့် စားသောက်ကြောင်းသိရသည်။ အဆိုပါ ကပ်ဆိုးသည် ဆိုမာလီယာ၊ အီသီယိုးပီးယား၊ ကင်ညာ၊ အယ်ရီထရီးယား နှင့် ဂျီဘူတီနိုင်ငံတို့အပါအဝင် အာဖရိကတိုက်အရှေ့ပိုင်း အိန္ဒိယသမုဒ္ဒရာရှိနိုင်ငံများစွာ၏ စီးပွားရေးဈေးကွက်နှင့် ကောက်ပဲသီးနှံများကို အလွန်အမင်း ပျက်စီးစေသည့် အပြင်  စားနပ်ရိက္ခာဖူလုံရေးကိုလည်း ခြိမ်းခြောက်နေကြောင်း သိရသည်။

Ref: The Straits Times

Read 25 times Last modified on Friday, 21 February 2020 10:17