SJ WorldNews - шаблон joomla Авто

ဂျာမနီ၌ သေနတ်ပစ်ခတ်မှုကြောင့် လူ ၁၁ ဦးသေဆုံး

Friday, 21 February 2020 10:17 font size decrease font size decrease font size increase font size increase font size

ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့အနီး ဟာနာအိုမြို့၌ ဖေဖော်ဝါရီ ၁၉ ရက်တွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက်  လူ ၁၁ ဦး သေဆုံးကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

အဆိုပါပစ်ခတ်မှုကြောင့်  အရက်ဘားနှစ်ခု၌ လူကိုးဦးသေဆုံးပြီး အခြားတစ်နေရာတွင် ပစ်ခတ်သူဟုယူဆရသူ အပါအဝင် လူနှစ်ဦး သေဆုံးနေကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သေနတ်သမားသည် မသေဆုံးမီ ဝန်ခံချက်စာတစ်စောင် ရေးသားခဲ့ပြီး အဆိုပါစာထဲ၌ အစွန်းရောက်သော လက်ဝဲယိမ်းအမြင်များကို ဖော်ပြထားကြောင်း   Bild  သတင်းစာက ဖော်ပြသည်။

ထို့ပြင် အဆိုပါပစ်ခတ်မှုမှာ   ၄င်း၏လက်ချက်ဖြစ်ကြောင်း သေနတ်သမားက ဗီဒီယိုဖိုင်တစ်ခု၌   ပြောဆိုထားသည်ဟု သတင်းအရင်းအမြစ်တစ်ခု၏ ပြောဆိုချက်ကို ကိုးကား၍  Bild သတင်းစာတွင် ဆက်လက်ဖော်ပြထားသည်။

ပစ်ခတ်မှုတွင်  နောက်ထပ်ပူးပေါင်းကြံစည်သူမပါဝင်နိုင်ကြောင်း၊ ပထမပစ်ခတ်မှုမှာ ဟာနာအိုမြို့လယ်ရှိ မစ်နိုက်ဘား၌ ည ၁ဝ နာရီဝန်းကျင်တွင် ဖြစ်ပွားခြင်းဖြစ်ကြောင်းနှင့် သေနတ်သမားသည် အခင်းဖြစ်နေရာမှ   ကားဖြင့် ထွက်ပြေး သွားကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

Ref: The Straits Times

Read 26 times Last modified on Friday, 21 February 2020 10:18