SJ WorldNews - шаблон joomla Авто

ဒိုင်းမွန်းပရင့်ဆက် သင်္ဘောမှ သက်ကြီးရွယ်အို ခရီးသည်နှစ်ဦး သေဆုံး

Friday, 21 February 2020 10:18 font size decrease font size decrease font size increase font size increase font size

ဒိုင်းမွန်းပရင့်ဆက် အပျော်စီးသင်္ဘောမှ သက်ကြီးရွယ်အို ခရီးသည်နှစ်ဦးသည် နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူးစက် ခံရမှုကြောင့် သေဆုံးကြောင်း NHK သတင်းဌာနက ဖေဖော်ဝါရီ ၂ဝ ရက်တွင် ဖော်ပြသည်။

အဆိုပါသင်္ဘောသည် ဖေဖော်ဝါရီ ၄ ရက်ကတည်းက ဂျပန်ဆိပ်ကမ်း၌ သီးသန့်ခွဲထားရပြီး သင်္ဘောတွင် လိုက်ပါလာသော ခရီးသည် ၃၇ဝဝ အနက် ၆၂ဝ ကျော်မှာ ဗိုင်းရပ်ကူးစက်ခံရသည်။

သေဆုံးသည့်ခရီးသည် နှစ်ဦးမှာ အသက် ၈ဝ ကျော်ရှိ  ဂျပန်အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြောင်း  အစိုးရသတင်းအရင်းအမြစ်တစ်ခု၏ပြောဆိုချက်ကို ကိုးကား၍ NHK သတင်းဌာနက ဖော်ပြခြင်းဖြစ်သည်။

တိုကျိုမြို့၌ နွေရာသီအိုလံပစ် အားကစားပြိုင်ပွဲ မကျင်းပမီလပိုင်းအတွင်း    နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူးစက်မှု မြန်ဆန် လာခြင်းကြောင့် ဝေဖန်မှုများ မြင့်တက်လာသည်။

ဂျပန်နိုင်ငံ၌   အဆိုပါ ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုနှင့် ပတ်သက်၍ ကျွမ်းကျင်ပညာရှင်များထံမှ အကြံဉာဏ်ရယူပြီး အမြန်ဆုံး တိုက်ဖျက်နိုင်အောင် ကြိုးပမ်းဆောင်ရွက်မည်ဟု ကျန်းမာရေးဝန်ကြီး ကာဆူနိုဘူကာတိုက ဖေဖော်ဝါရီ ၁၉ ရက်တွင်ပြောသည်။

ဒိုင်းမွန်းပရင့်ဆက်သင်္ဘော၌  ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုကိုထိန်းချုပ်ရန် ဖေဖော်ဝါရီ ၅ ရက်မှစတင်၍  ခရီးသည်များ အနေဖြင့် သင်္ဘောပေါ်ရှိ  ၄င်းတို့၏ အခန်းများတွင် နေထိုင်ရန် လိုအပ်ကြောင်း  ကျန်းမာရေး ဝန်ကြီးဌာနက  အင်္ဂလိပ်ဘာသာ၊ ဂျပန် ဘာသာတို့ဖြင့် ကြေညာချက်များ ထုတ်ပြန်ကာ   ရောဂါကူးစက်မှုနှင့်ပတ်သက်၍ ပြည်သူများကို   ပွင့်ပွင့်လင်းလင်း သတင်းထုတ်ပြန်ထားသည်။   

Ref: NHK

Read 28 times Last modified on Friday, 21 February 2020 10:19