SJ WorldNews - шаблон joomla Авто

တရုတ်နိုင်ငံ၌ နိုဗယ်ကိုရိုနာဗိုင်းရပ်ကြောင့် သေဆုံးသူ ၂၁၁ ဦးရှိလာ နောက်ထပ်ကူးစက်ခံရသူ ဆက်လက်ကျဆင်း

Friday, 21 February 2020 10:20 font size decrease font size decrease font size increase font size increase font size

တရုတ်နိုင်ငံ၌ ဖေဖော်ဝါရီ ၂ဝ ရက်တွင် နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်ခံရမှုကြောင့်  သေဆုံးသူ ၁၁၄ ဦးရှိသည့်အတွက် သေဆုံး သူစုစုပေါင်းမှာ ၂၁၁၈ ဦးအထိ ရှိလာကြောင်းနှင့် နောက်ထပ်ကူးစက်ခံရသူ အရေအတွက်မှာ ၃၉၄ ဦးသာရှိသောကြောင့် ယင်းသို့ ကူးစက်ခံရသူ  ဆက်လက်ကျဆင်းလာကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ထုတ်ပြန်သည်။

လမ်းညွှန်ချက်အသစ်အရ လက်ရှိတွင် လူနာများအနေဖြင့် ဓာတ်ခွဲစမ်းသပ်မှုများ လိုအပ်နေပြီး  ထို့နောက်မှသာ  ကိုဗစ်-၁၉ ရောဂါကူးစက်ခံရခြင်း ရှိ၊ မရှိ အတည်ပြုနိုင်မည် ဖြစ်သည်။

နိုင်ငံတစ်ဝန်း၌ ဖေဖော်ဝါရီ ၂ဝ ရက်တွင် ဗိုင်းရပ် နောက်ထပ်ကူးစက်ခံရသူ ၃၉၄ ဦး ရှိသည့်အတွက် ဖေဖော်ဝါရီ ၁၉ ရက်တွင် ကူးစက်ခံရသူ ၁၇၄၉ ဦးထက် နည်းပါးလာကြောင်းနှင့် ကူးစက်ခံရသူ စုစုပေါင်းမှာ ၇၄၅၇၆ ဦးရှိကြောင်း အမျိုးသားကျန်းမာရေး ကော်မရှင်က ထုတ်ပြန်သည်။

ဟူဘေးပြည်နယ်၌ ဖေဖော်ဝါရီ ၂ဝ ရက် တွင် ဗိုင်းရပ်နောက်ထပ်ကူးစက်ခံရသူ ၆၂၈ ဦးရှိသည်ကို ကနဦးတွေ့ရကြောင်း၊ သို့သော် ၄င်းတို့အားလုံးကို ဓာတ်ခွဲစမ်းသပ်မှုပြုလုပ်ရာ ၂ဝဝ ကျော်မှာ ကူးစက်ခံရမှု မရှိသည်ကို တွေ့ရှိပြီးနောက် အဆိုပါ အရေအတွက်မှာ ၃၄၉ ဦးအထိ ကျဆင်းသွားခြင်း ဖြစ်ကြောင်း ကျန်းမာရေး တာဝန်ရှိသူများက ပြောသည်။

တရုတ်၏ လမ်းညွှန်ချက်အသစ်အရ  ဟူဘေးပြည်နယ်၌ နိုဗယ်ကိုရိုနာဗိုင်းရပ် နောက်ထပ် ကူးစက်ခံရသူ အရေအတွက်မှာ မြင့်တက်မှု အနည်းဆုံးဖြစ်သည်။ ထို့ပြင် ဟူဘေးပြည်နယ်၌ ဗိုင်းရပ်ကူးစက်ခံရပြီး နောက်   ဆေးရုံမှ ဆင်းခွင့်ရရှိသူ အရေအတွက်မှာလည်း နောက်ထပ်ကူးစက်ခံရသူ အရေအတွက်ထက် ပထမဆုံးအကြိမ်ကျော် လွန်လာကြောင်း သိရသည်။

Ref: Xinhua

Read 36 times Last modified on Friday, 21 February 2020 10:20