SJ WorldNews - шаблон joomla Авто

လူအသေအပျောက်များစေသော တောမီးလောင်မှုကို သြစတြေးလျ စုံစမ်းဖော်ထုတ်မည်

Friday, 21 February 2020 10:20 font size decrease font size decrease font size increase font size increase font size

သြစတြေးလျနိုင်ငံ၌ ဖြစ်ပွားသည့် လူအသေအပျောက်များသော တောမီးလောင်မှုနှင့် စပ်လျဉ်း၍ အစိုးရက စုံစမ်းဖော်ထုတ်မည် ဖြစ်ကြောင်း ဝန်ကြီးချုပ် စကော့မောရစ် ဆင်က ဖေဖော်ဝါရီ ၂ဝ ရက်တွင် ပြောသည်။

တောမီးလောင်မှုအများအပြားကို မီးသတ်တပ်ဖွဲ့က ထိန်းသိမ်းနိုင်ပြီ ဖြစ်သော်လည်း အချို့နေရာများတွင် တောမီးလောင်မှုများ  ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။

ထို့ကြောင့်  သဘာဝဘေးတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက နိုင်ငံ၏အသင့်ရှိမှု၊ ခံနိုင်စွမ်းရှိမှုနှင့် တုံ့ပြန်နိုင်မှုတို့ကို ပိုမိုတိုးတက် ကောင်းမွန်စေရန် နည်းလမ်းရှာဖွေသွားမည် ဖြစ်ကြောင်း မောရစ်ဆင်က ပြောသည်။

တောမီးလောင်မှုများနှင့် ပတ်သက်၍ စုံစမ်းဖော်ထုတ်မည့် အဖွဲ့ကို လေတပ်အကြီးအကဲဟောင်း မာ့ဘင်စကင်၊ ပြည်ထောင်စုတရားလွှတ်တော်မှ တရားသူကြီး အန်းနာဘယ်ဘန်းနက်နှင့်  ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ ရှေ့နေနှင့် ပါမောက္ခ အင်ဒရူးမာဆင်တော့တို့က ဦးဆောင်မည် ဖြစ်ကြောင်း၊  စုံစမ်းဖော်ထုတ်ရသည့်အချက် အလက် များကို အစိုးရသို့ သြဂုတ် ၃၁ ရက် ဝန်းကျင်တွင် ပေးပို့ရမည် ဖြစ်ကြောင်း သိရသည်။

Ref: The Straits Times

Read 32 times Last modified on Friday, 21 February 2020 10:21