SJ WorldNews - шаблон joomla Авто

တောင်ကိုရီးယား၌ နိုဗယ်ကိုရိုနာဗိုင်းရပ်ကြောင့် ပထမဆုံးအကြိမ် သေဆုံးမှုဖြစ်ပွား

Friday, 21 February 2020 10:21 font size decrease font size decrease font size increase font size increase font size

တောင်ကိုရီးယားနိုင်ငံ၌ ဖေဖော်ဝါရီ ၂ဝ ရက်တွင် နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူ တစ်ဦးသေဆုံးပြီး ထိုသေဆုံးမှုမှာ ယင်းနိုင်ငံအတွက် ပထမဆုံး အကြိမ်ဖြစ်ကြောင်းနှင့် ထပ်မံကူးစက်ခံရသူ အရေအတွက် ၂၂ ဦးရှိသည့်အတွက်  ဗိုင်းရပ်ကူးစက်ခံရသူ စုစုပေါင်းမှာ ၁ဝ၄ ဦးအထိ ဖြစ်လာကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

နိုဗယ်ကိုရိုနာဗိုင်းရပ် ထပ်မံကူးစက်ခံရသူများအနက် အများစုမှာ ဒဲဂူမြို့မှဖြစ်ပြီး  ယင်းနေရာ၌ ဗိုင်းရပ်ကူးစက်ခံရသူ တစ်ဦးက ၄င်းတွင် ဗိုင်းရပ်ကူးစက် ခံထားရသည်ကို မသိရှိမီ  ဘုရားကျောင်း ဝတ်ပြုပွဲများသို့ တက်ရောက်ကြောင်း သိရသည်။

ထို့ပြင် နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက် ခံရသူအရေအတွက်မှာ  ဒုတိယနေ့အဖြစ် မြင့်တက်လာသောကြောင့်   ဒေသခံများ အနေဖြင့် နေအိမ်၌သာနေထိုင်ရန် ဒဲဂူမြို့တော်ဝန်က ဖေဖော်ဝါရီ ၂ဝ ရက်အစော ပိုင်းတွင် တိုက်တွန်း ထားသည်။

ဘုရားကျောင်းဝတ်ပြုသည့်  အဖွဲ့ကို ဗဟိုပြု၍ ဗိုင်းရပ်ကူးစက်ခံရသူ ၃၉ ဦးအထိ ရှိလာပြီးနောက်  ယခုထုတ်ပြန်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဗိုင်းရပ်ကူးစက်ခံရသူ ထက်ဝက်နီးပါးမှာ ဒဲဂူမြို့ရှိ ရှင်ချီအွန်ဂျီ ဘုရားကျောင်းခွဲမှ အဖွဲ့ဝင်ဖြစ်သည့် အသက် ၆၁  နှစ်ရှိ  အမျိုးသမီးနှင့် ဆက်နွှယ်နေကြောင်း သိရသည်။

ယင်းအမျိုးသမီးသည်   ဖေဖော်ဝါရီ ၁ဝ ရက်တွင် စတင်ဖျားနာသော်လည်း ၄င်းအနေဖြင့်  မကြာသေးမီက ပြည်ပသို့ ခရီးမသွားခဲ့ဟုဆိုကာ ဗိုင်းရပ်ကူးစက်ခံရခြင်းရှိ၊ မရှိကိုစမ်းသပ်ရန် နှစ်ကြိမ်ငြင်းပယ်ပြီး ဘုရားကျောင်း ဆုတောင်းဝတ်ပြုပွဲ လေးပွဲသို့ တက်ရောက်ကြောင်း သိရသည်။ ယခုအထိ  ထိုဘုရားကျောင်းမှ နောက်ထပ် ၃၇ ဦးမှာ ဗိုင်းရပ်ကူးစက် ခံထားရကြောင်း    သိရသည်။

နိုဗယ်ကိုရိုနာဗိုင်းရပ်ကို တရုတ်နိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်မြို့၌ စတင်တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး   ရောဂါကူးစက်မှုကြောင့် သေဆုံးသူ ၂၁၁၈ ဦးရှိလာကြောင်း သိရသည်။

Ref: The Straits Times

Read 50 times Last modified on Friday, 21 February 2020 10:22