SJ WorldNews - шаблон joomla Авто

အမေရိကန်-မြောက်ကိုရီးယား ဆွေးနွေးပွဲ အမြန်ဆုံး ပြန်စတင်ရန် တောင်ကိုရီးယား တောင်းဆို

Tuesday, 25 February 2020 10:34 font size decrease font size decrease font size increase font size increase font size

ရပ်တန့်နေသော  အမေရိကန်-မြောက်ကိုရီးယား နျူကလီးယား ဆွေးနွေးပွဲကို အမြန်ဆုံးပြန်စတင်ရန်   တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ကန်ကျွန်းဟွာက ဖေဖော်ဝါရီ ၂၄ ရက်တွင် တောင်းဆိုလိုက်သည်။ ထို့ပြင် တောင်ကိုရီးယား အစိုးရအနေဖြင့် ဆွေးနွေးပွဲကို ချောမွေ့စွာ ပြန်စတင်နိုင်ရန်အတွက် မြောက်ကိုရီးယားအစိုးရနှင့် စေ့စပ်ညှိနှိုင်းပေးရန် အသင့်ရှိကြောင်း ၄င်းကဆိုသည်။

ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယားကင်းစင်ရေးကို ပြီးပြတ်အောင် ဆောင်ရွက်ရမည့် ရည်မှန်းချက်ရှိနေဆဲ ဖြစ်ကြောင်း ကုလသမဂ္ဂက    ဦးဆောင်ကျင်းပသည့် လက်နက်ဖျက်သိမ်းရေး ညီလာခံတွင် ကန်ကျွန်းဟွာက ပြောသည်။

တောင်ကိုရီးယားအစိုးရသည် မြောက်ကိုရီးယားနှင့် စီမံကိန်းများစွာကို တိုးမြှင့်လုပ်ဆောင်နေကြောင်း၊ ထို့အတူ မြောက်ကိုရီးယားအပေါ် နိုင်ငံတကာက အရေးယူပိတ်ဆို့မှုများ ချမှတ်ထားခြင်းကိုလည်း သစ္စာရှိရှိ  လိုက်နာ ဆောင်ရွက်မည် ဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။

ကုလသမဂ္ဂသည် ၂ဝဝ၆ ခုနှစ်ကတည်းက မြောက်ကိုရီးယားနိုင်ငံအပေါ်  အရေးယူပိတ်ဆို့မှုများ   ချမှတ်ထားခြင်းဖြစ်သည်။

မြောက်ကိုရီးယား၏  နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည် အစီအစဉ်ကြောင့်  လွန်ခဲ့သောနှစ်ပေါင်းများစွာ ကတည်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီက   ယင်းနိုင်ငံအပေါ် တင်းကျပ်ခဲ့ခြင်းဖြစ်သည်။

နျူကလီးယား ဆွေးနွေးပွဲ ပြန်ကျင်းပရန် သတ်မှတ်ထားသော နောက်ဆုံးရက်ကိုပင် အမေရိကန်က  ဂရုမစိုက် သည့်အတွက် ရပ်တန့်ထားသည့် နျူကလီးယားစမ်းသပ်မှု၊ တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ပစ်ခတ်မှုတို့ အပါအဝင် ကတိပြုထားသည့် ကိစ္စရပ်များကို အရေးစိုက်တော့မည် မဟုတ်ဟု မြောက်ကိုရီးယားက ပြီးခဲ့သည့်လတွင် ဂျီနီဗာမြို့၌ ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ပြောသည်။

Ref:CNA

Read 19 times Last modified on Tuesday, 25 February 2020 10:35