SJ WorldNews - шаблон joomla Авто

သီရိလင်္ကာက အေးဒီးခြင်များတွင် ဝိုဘာချီယာဗက်တီးရီးယားများ ထိုးသွင်းမည်

Tuesday, 25 February 2020 10:35 font size decrease font size decrease font size increase font size increase font size

သီရိလင်္ကာနိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါကူးစက်ပျံ့နှံ့မှုကို လျှော့ချရန် အေးဒီးခြင်များတွင် ဝိုဘာချီယာ ဗက်တီးရီးယားထိုးသွင်းရေး ရှေးဦးစီမံကိန်းကို လာမည့်သီတင်းပတ်တွင် စတင်မည်ဖြစ်ကြောင်း အမျိုးသားသွေးလွန်တုပ်ကွေး ထိန်းချုပ်ရေးဌာနက ဖေဖော်ဝါရီ ၂၄ ရက်တွင်ပြောသည်။

အဆိုပါစီမံကိန်းကို မတ် ၂ ရက်တွင် ကိုလံဘိုမြို့တော်ရှိ ဒီမာတာဂိုဒါနှင့် နူဂီဂိုဒါဒေသ တို့၌ စတင်ဆောင်ရွက်မည် ဖြစ်ပြီး အမျိုးသားသွေးလွန်တုပ်ကွေးထိန်းချုပ်ရေးဌာနက ခြင်များပေါက်ပွားသည့်နေရာကို အတည်ပြုပြီးနောက် ဝိုဘာချီယာဗက်တီးရီးယား ထိုးသွင်းမည်ဖြစ်ကြောင်း ၄င်းဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ အေနူရာဂျာလာဆယ့်ခရီရာက ပြောသည်။

အဆိုပါ ဝိုဘာချီယာသည် သဘာဝအတိုင်းတွေ့ရှိရသော ဗက်တီးရီးယားဖြစ်ပြီး ခြင်များထံမှ လူသားများထံ ရောဂါကူးစက်မှုကို ထိန်းချုပ်ပေးနိုင်သည့်အတွက် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်မည် ဖြစ်သည်။

ဝိုဘာချီယာဗက်တီးရီးယားကို  အင်းဆက်ပိုး ၆ဝ ရာခိုင်နှုန်းတွင်တွေ့ရကြောင်း၊ သို့သော် အေးဒီးခြင်များတွင်မူ  တွေ့ရလေ့မရှိကြောင်း ဒေါက်တာဂျာလာဆယ့်ခရီရာက ပြောသည်။

အဆိုပါ ဗက်တီးရီးယားထိုးသည့် နည်းလမ်းသည် မျိုးရိုးဗီဇနှင့်ဆိုင်သော  ပြုပြင်ပြောင်းလဲမှုမျိုး မလိုအပ်သည့်အပြင် အဆိပ်အတောက်မဖြစ်စေခြင်း၊ ကိုယ်တိုင်ထိန်းချုပ်နိုင်ခြင်းနှင့် ကုန်ကျစရိတ် သက်သာခြင်းတို့ကြောင့် အကျိုးရှိသော ကာကွယ်နည်းဖြစ်ကြောင်း ၄င်းကပြောသည်ဟု သိရသည်။

Ref: Xinhua

Read 23 times Last modified on Tuesday, 25 February 2020 10:36