SJ WorldNews - шаблон joomla Авто

အမေရိကန်သမ္မတရွေးကောက်ပွဲ၌ ရုရှားဝင်စွက်ဖက်ခြင်း မရှိဟု အမေရိကန် ထောက်လှမ်းရေးပြော

Tuesday, 25 February 2020 10:36 font size decrease font size decrease font size increase font size increase font size

ရုရှားအစိုးရသည် အမေရိကန်သမ္မတရွေးကောက်ပွဲ၌ ဒေါ်နယ်ထရမ့် အနိုင်ရရှိစေရန်  ဝင်စွက်ဖက်သည့် အထောက်အထားမတွေ့ရကြောင်း   အမေရိကန်ထောက်လှမ်းရေး အရင်းအမြစ်များက ပြောသည်။

ထို့ကြောင့် ရွေးကောက်ပွဲ၌ ရုရှားဝင်စွက်ဖက်သည်ဟူသော ပြောဆိုချက်မှာ ချဲ့ကားမှုသာဖြစ်ကြောင်း အမေရိကန် ထောက်လှမ်းရေး အရင်းအမြစ်များက Fox သတင်းဌာနသို့ ပြောသည်။

ထို့ပြင်  ရွေးကောက်ပွဲ အရာရှိတစ်ဦးဖြစ်သည့် ပီယာဆန်၏ ရုရှားအပေါ် ပြောဆိုချက်သည် အထင်အမြင် လွဲမှားစေနိုင်ကြောင်း ထောက်လှမ်းရေးအရာရှိတစ်ဦးက ပြောသည်။

ပီယာဆန်အနေဖြင့် အမေရိကန်ထောက်လှမ်းရေး အရာရှိများ လုပ်ဆောင်သည့် ကောက်ချက်ချမှုများကို အတိအကျ ဖော်ထုတ်ရန် လိုအပ်နေကြောင်း အမေရိကန် အမျိုးသားလုံခြုံရေး အရာရှိတစ်ဦးက ပြောသည်။

ရုရှားအစိုးရသည် လာမည့် ၂ဝ၂ဝ အမေရိကန်သမ္မတ ရွေးကောက်ပွဲ၌ လက်ရှိသမ္မတပြန် အရွေးခံရစေရန် ရွေးကောက်ပွဲ၌ စတင်ဝင်စွက်ဖက်နေသည်ဟု ပြောဆိုချက်များ ထွက်လာပြီးနောက် ထောက်လှမ်းရေးအဖွဲ့၏ ယခုပြောဆိုချက်များ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း သိရသည်။

Ref: Sputnik

Read 23 times Last modified on Tuesday, 25 February 2020 10:37