SJ WorldNews - шаблон joomla Авто

အင်ဒိုနီးရှားက ဝါးဒရင်းသင်္ဘောမှ နိုင်ငံသားများကို စစ်ရေယာဉ်ဖြင့် ပြန်ခေါ်မည်

Tuesday, 25 February 2020 10:37 font size decrease font size decrease font size increase font size increase font size

အင်ဒိုနီးရှား အစိုးရအနေဖြင့် နိုဗယ်ကိုရို နာဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုနှင့် ပတ်သက်၍ စိုးရိမ်နေစဉ် ဝါးဒရင်းအမည်ရှိ အပျော်စီးသင်္ဘောမှ နိုင်ငံသား ၁၈၈ ဦးကို ပြန်ခေါ်ရန် စစ်ရေယာဉ်တစ်စင်းကို စေလွှတ်လိုက်ကြောင်း ကျန်းမာရေး တာဝန်ရှိသူ တစ်ဦးက ဖေဖော် ဝါရီ ၂၄ ရက်တွင် ပြောသည်။

ဝါးဒရင်းသင်္ဘောသည် တရုတ်(တိုင်ပေ) ၌ ဆိုက်ကပ်ခွင့် ငြင်းပယ်ခံရပြီးနောက် ယခု လအစောပိုင်းတွင် ဟောင်ကောင်၌ ဆိုက်ကပ်ခဲ့သည်။  ထိုသို့ဆိုက်ကပ်စဉ်  ခရီးသည် ၁၈ဝဝ ခန့်က သင်္ဘောပေါ်မှဆင်းသော်လည်း အမှုထမ်းများက သင်္ဘောပေါ်၌သာ နေထိုင်ရသည်။

ဇန်နဝါရီ ၁၉ ရက်နှင့် ၂၄ ရက်အကြား တွင် ယင်းသင်္ဘော၌ လိုက်ပါလာသော တရုတ်နိုင်ငံသား သုံးဦးမှာ နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံထားရသည်ကို တွေ့ရသည်။

လက်ရှိတွင်  အဆိုပါသင်္ဘောသည် စင်ကာပူနိုင်ငံအနီး နိုင်ငံတကာရေပိုင်နက်တွင် ရှိသည့်အတွက် သင်္ဘောရှိ အင်ဒိုနီးရှားအမှုထမ်း ၁၈၈ ဦးကို  ပြန်ခေါ်မည်ဖြစ် ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှတာဝန် ရှိသူ အတ်မတ်ယူရီအန်တိုက ပြောသည်။

အဆိုပါ အမှုထမ်းများကို ဆေးဝါးပစ္စည်းများ တင်ဆောင်ထားသော စစ်ရေယာဉ်က ခေါ်ယူမည်ဖြစ်ကာ ၂၈ ရက်ကြာ သီးသန့် ခွဲထားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားလူသား အရင်းအမြစ်ဖွံ့ဖြိုးရေးဝန်ကြီး မူဟတ်ဂျာ အတ်ဖန်ဒီကပြောသည်။

ထို့ပြင် အမှုထမ်းများကို ဂျကာတာမြို့ မြောက်ဘက် ဂျာဗားပင်လယ်ရှိ လူမနေသော ကျွန်းသို့ခေါ်ဆောင်ပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကချမှတ်သော လုပ်ထုံးလုပ်နည်းများဖြင့် စောင့်ကြည့်မည်ဖြစ်ကာ  လိုအပ်သော ထောက်ပံ့ပစ္စည်းများနှင့်  ထားရှိမည်ဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။ ခရီးသည်များအနေဖြင့် ဖေဖော်ဝါရီ ၉ ရက်တွင် ဝါးဒရင်းသင်္ဘောမှ ဆင်းသွားခြင်းဖြစ်ပြီး သင်္ဘော၌ အမှုထမ်း ၁၈၁၄ ဦး ကျန်နေခဲ့ကြောင်း ဒရင်းအပျော်စီး သင်္ဘောကုမ္ပဏီကပြောသည်။

Ref: The Straits Times

Read 22 times Last modified on Tuesday, 25 February 2020 10:38