SJ WorldNews - шаблон joomla Авто

တောင်ကိုရီးယား၌ နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသူ ၈၃၃ ဦးအထိမြင့်တက်လာ

Tuesday, 25 February 2020 10:38 font size decrease font size decrease font size increase font size increase font size

တောင်ကိုရီးယားနိုင်ငံ၌ နိုဗယ်ကိုရိုနာ ဗိုင်းရပ်နှင့်ပတ်သက်၍ အစိုးရက အမြင့်ဆုံး အဆင့် သတိပေးချက် ထုတ်ပြန်ပြီးနောက် ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ်ပိုင်းတွင် နောက်ထပ်  ဗိုင်းရပ်ကူးစက်ခံရသူ  ၇ဝ ရှိသည့်အတွက်   ဗိုင်းရပ်ကူးစက်ခံရသူ စုစုပေါင်း ၈၃၃ ဦးအထိ ရှိလာသည်။

ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးဌာန(KCDC)၏ ဝက်ဆိုက်တွင် ထုတ်ပြန်သော နောက်ဆုံး စာရင်းများအရ ဖေဖော်ဝါရီ ၂၄ ရက်တွင် ဗိုင်းရပ်ကူးစက် ခံရသူစုစုပေါင်းသည် ၂၃၁ ဦးအထိရှိပြီး နေ့စဉ်ကူးစက်မှုပမာဏ အမြင့်ဆုံးဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၄ ရက် အစောပိုင်းတွင် နောက်ထပ်ဗိုင်းရပ်ကူးစက်ခံရသူ ၁၆၁ ဦး ရှိကြောင်းနှင့် ၄င်းတို့အနက် ၁၁၅ ဦးမှာ ဒဲဂူမြို့အရှေ့တောင်ပိုင်းရှိ ခရစ်ယာန်ဘုရား ရှိခိုးကျောင်းနှင့် ဆက်နွှယ်နေကြောင်း KCDC က ထုတ်ပြန်ထားသည်။

ထို့ပြင် ဗိုင်းရပ်ကူးစက်မှုကြောင့် ခုနစ်ဦးမြောက်သေဆုံးသူမှာ  ချောင်ဒိုဒေသရှိ ဆေးရုံမှ အသက် ၆၂ နှစ်ရှိ အမျိုးသား တစ်ဦးဖြစ်ပြီး ယင်းဒေသ၌ ဒဲဂူမြို့ကဲ့သို့ ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ဗိုင်းရပ်ကူးစက်ခံရသူ အရေအတွက်မှာ မြင့်တက် လာသည်ကိုတွေ့ရသည်။

တရုတ်နိုင်ငံပြင်ပ၌ ဗိုင်းရပ်ကူးစက်ခံရသူ အများဆုံးဖြစ်သော တောင်ကိုရီးယားနိုင်ငံသည် ဖေဖော်ဝါရီ ၂၃ ရက်တွင် ယင်းဗိုင်းရပ် နှင့်ပတ်သက်၍ အမြင့်ဆုံးအဆင့်သတိပေး ချက်ထုတ်ပြန်ကာ ဒဲဂူမြို့၌ ပြည်သူများ၏ သွားလာမှုကို   ကန့်သတ်ထားကြောင်း သိရသည်။

ဂွမ်ဂျူမြို့နှင့် ဒဲဂူမြို့ရှိ ကက်သလစ်ဘုရား ရှိခိုးကျောင်းများကလည်း ဝတ်ပြုပွဲများနှင့် အခြားတွေ့ဆုံမှုများကို ဆိုင်းငံ့ထားပြီး အခြားဘုရားရှိခိုးကျောင်းများကလည်း ဘုရားကျောင်း တက်ရောက်မှုများကို ရပ်ဆိုင်းထားသည်။

Ref: The Straits Times

Read 31 times Last modified on Tuesday, 25 February 2020 10:39