SJ WorldNews - шаблон joomla Авто

အာဖဂန်နစ္စတန်၌ အကြမ်းဖက်သမားများက ခရိုင်အုပ်ချုပ်ရေးမှူးကို ပြန်ပေးဆွဲ

Tuesday, 25 February 2020 10:39 font size decrease font size decrease font size increase font size increase font size

အာဖဂန်နစ္စတန်နိုင်ငံ ဆာမန်ဂန်ပြည်နယ်မြောက်ပိုင်း ဒရာအီဆပ်ဘာလာခရိုင်မှ အုပ်ချုပ်ရေးမှူးကို အကြမ်းဖက် သမားများက ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြန်ပေးဆွဲ ခေါ်ဆောင်သွားကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၂ ရက်မှစတင်၍ တာလီဘန်အကြမ်းဖက်အဖွဲ့က အပစ်အခတ်ရပ်စဲရေး တစ်စိတ်တစ်ဒေသ အနေဖြင့် စောင့်ကြည့်မှု သို့မဟုတ် အကြမ်းဖက်မှု လျှော့ချရေးကို အကောင်အထည်ဖော် ဆောင်ရွက်နေစဉ် အဆိုပါ ပြန်ပေးဆွဲမှု ဖြစ်စဉ်ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု ဒေသတွင်းတာဝန်ရှိသူ အဗ္ဗဒူရာကွင်းအာမဒီက ပြောသည်။

ခရိုင်အုပ်ချုပ်ရေးမှူး အာမတ်အလီဟာဆာနီသည် ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းတွင် ရုံးသို့သွားသည့်လမ်း၌ အမည်မသိ သေနတ်သမားတစ်ဦးက အကြမ်းဖက်အဖွဲ့နှင့် ပူးပေါင်းကာ မောင်းနှင်လာသောကားဖြင့် ဖမ်းဆီးသွားခြင်း ဖြစ်သည်။

အကြမ်းဖက်သမားများသည် အုပ်ချုပ်ရေးမှူးနှင့်အတူ ၄င်း၏သက်တော်စောင့် နှစ်ဦးကို အမည်မသိနေရာသို့ ခေါ်ဆောင်သွားကြောင်း အဗ္ဗဒူရာကွင်းအာမဒီက တယ်လီဖုန်းမှတစ်ဆင့် Xinhua သတင်းဌာနသို့ ပြောသည်။

အဆိုပါ ပြန်ပေးဆွဲမှုကို ဆာမန်ဂန်ပြည်နယ်မှ တာလီဘန်အကြမ်းဖက် အဖွဲ့ခေါင်းဆောင် မူးလာအန်နက်က ကြိုးကိုင်နေခြင်း ဖြစ်သည်ဟု အခိုင်အမာ ထုတ်ပြန်ထားသည်။

ကဘူးမြို့မြောက်ဘက် ၂၁၅ ကီလိုမီတာအကွာရှိ အိုင်ဘက်မြို့နှင့် ဆာမန်ဂန်ပြည်နယ်သည် လွန်ခဲ့သည့်နှစ် အနည်းငယ်အတွင်း အကြမ်းဖက်အဖွဲ့များ ကြီးစိုးလှုပ်ရှားသည့်နေရာ ဖြစ်ကြောင်း သိရသည်။   

   Ref: Xinhua

Read 31 times Last modified on Tuesday, 25 February 2020 10:40