SJ WorldNews - шаблон joomla Авто

အိန္ဒိယနှင့် အမေရိကန်ဒေါ်လာ ၃ ဘီလီယံတန်ဖိုးရှိ လက်နက်ရောင်းဝယ်ရေး သဘောတူစာချုပ်ချုပ်မည်ဟု ထရမ့်ပြော

Tuesday, 25 February 2020 10:40 font size decrease font size decrease font size increase font size increase font size

ဖေဖော်ဝါရီ ၁၅ ရက်တွင် အိန္ဒိယနှင့်အမေရိကန်ဒေါ်လာ ၃ ဘီလီယံတန်ဖိုးရှိ လက်နက်ရောင်းဝယ် ရေးသဘောတူစာချုပ်ချုပ်မည် ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိန္ဒိယနိုင်ငံသို့ နှစ်ရက်ကြာ အလည်အပတ်ခရီးလာစဉ် ပြောသည်။

အမေရိကန်နိုင်ငံ၌ အကောင်းဆုံး လက်နက်များ ဖြစ်သော ဒုံးကျည်၊ ဒုံးပျံ၊ သင်္ဘောနှင့် လေယာဉ်များကို ပြုလုပ်ကြောင်း၊ ယခုအခါ လက်နက်အရောင်းအဝယ် ကိစ္စနှင့်ပတ်သက်၍ အိန္ဒိယနှင့်စာချုပ်ချုပ်ရန် ရှိကြောင်း၊ အမေရိကန်နိုင်ငံထုတ် အဆင့်မြင့်လေကြောင်းရန် ကာကွယ်ရေးစနစ်များ၊ လက်နက်ပါသောနှင့် လက်နက်မဲ့ လေယာဉ်များကို ရောင်းချမည် ဖြစ်ကြောင်း ထရမ့်က အိန္ဒိယနိုင်ငံအနောက်ပိုင်း အမီဒါဘက်မြို့၌ ဖေဖော်ဝါရီ ၂၄ ရက်တွင်ပြောသည်။

အိန္ဒိယရေတပ်အတွက် ဘက်စုံသုံး MH60R Seahawk ရဟတ်ယာဉ် ၂၄ စင်းကို အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံဖြင့် အမေရိကန်နိုင်ငံရှိ လော့ဟိမာတင်ကုမ္ပဏီမှ  ဝယ်ယူမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရအဖွဲ့က ပြီးခဲ့သည့် သီတင်းပတ်တွင်ပြောသည်။

အိန္ဒိယနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံတန်ဖိုးရှိ     လေကြောင်းရန်ကာကွယ်ရေး ရေဒါများ၊ ဒုံးကျည်များ၊ ရိုင်ဖယ်များနှင့် အခြားစစ်လက်နက်ပစ္စည်းများအပါအဝင်    လက်နက်များ ရောင်းချမည်ဖြစ်ကြောင်း အမေရိကန်အစိုးရက ပြောသည်။

ထို့ပြင် အိန္ဒိယနှင့် ကုန်သွယ်ရေး သဘောတူစာချုပ်ကိုလည်း ချုပ်ဆိုမည်ဖြစ်ကြောင်း ထရမ့်ကပြောသည်ဟု သိရသည်။

Ref: The Straits Times

Read 35 times Last modified on Tuesday, 25 February 2020 10:41