SJ WorldNews - шаблон joomla Авто

ကျန်းမာရေးစနစ် အားနည်းသည့် နိုင်ငံများကို တရုတ်အစိုးရ ကူညီထောက်ပံ့မည်

Wednesday, 26 February 2020 09:20 font size decrease font size decrease font size increase font size increase font size

တရုတ်အစိုးရသည် နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်မှုကို ကာကွယ်ရန်နှင့် ထိန်းချုပ်ရန် ကျန်းမာရေးစနစ် အားနည်းသည့် နိုင်ငံများကို ကူညီထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြောသည်။

ဖေဖော်ဝါရီ ၂၂ ရက်တွင် အာဖရိကသမဂ္ဂမှ ကျန်းမာရေးဝန်ကြီးများ တွေ့ဆုံပွဲတွင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO) မှ ညွှန်ကြားရေးမှူးချုပ်၏ ဗီဒီယိုမိန့်ခွန်းတစ်ခု၌ မေးမြန်းမှုကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ  ကျိုးလီကျန်းက  ယခုကဲ့သို့ မှတ်ချက်ပြုပြောခြင်း ဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့အနေဖြင့် ကျန်းမာရေး စနစ်အားနည်းသည့်   နိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုနှင့် ပတ်သက်၍  စိုးရိမ်နေဆဲဖြစ်ကြောင်းနှင့်  ကပ်ရောဂါ အများဆုံး ဖြစ်ပွားသည့် နိုင်ငံများအား နိုင်ငံတကာ အဖွဲ့အစည်းက ကူညီထောက်ပံ့မှုများ ပေးရန်လည်း တောင်းဆိုထားကြောင်း WHO ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်မှစ၍ တရုတ်အစိုးရနှင့် ပြည်သူများသည် ကြိုတင်ကာကွယ်မှု အများအပြားကို လုပ်ဆောင်

သည်။ တင်းကျပ်ပြီး စေ့စပ်သေချာသော ကာကွယ်မှုစနစ်များနှင့် ရောဂါပိုးထိန်းချုပ်သည့်  စီမံချက်များ လုပ်ဆောင်မှုကြောင့် လက်တွေ့တွင်   ထိရောက်သည့် အကျိုးသက်ရောက်မှုများ ရရှိသည်ဟု ကျိုးလီကျန်းက ပြောသည်။

တရုတ်အစိုးရ၏ အဆိုပါ ထိရောက်သည့် စီမံချက်များသည် နိုင်ငံအတွင်းနှင့် အခြားနိုင်ငံများ၌ ရောဂါပိုးကူးစက်မှုကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ၄င်းက ဆက်ပြောသည်။

Ref:Xinhua

Read 26 times Last modified on Wednesday, 26 February 2020 09:22