SJ WorldNews - шаблон joomla Авто

အီရတ်၌ နိုဗယ်ကိုရိုနာဗိုင်းရပ် မဖြစ်ပွားမီ အစိုးရ အဖွဲ့၏ ညံ့ဖျင်းမှုများအပေါ် ပြည်သူများ ဆန္ဒပြ

Tuesday, 03 March 2020 09:34 font size decrease font size decrease font size increase font size increase font size

အီရတ်နိုင်ငံ၌   နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်မှု မဖြစ်ပွားမီ နိုင်ငံရေးတွင် ပြည်ပမှ ဝင်ရောက်စွက်ဖက်ခြင်း၊ အစိုးရ၏ ပြည်သူ့ဝန်ဆောင်မှုများ အားနည်းခြင်းနှင့် အစိုးရအဖွဲ့၏ ညံ့ဖျင်းမှုများအပေါ် အီရတ်ပြည်သူများက ဆန့်ကျင် ဆန္ဒပြကြောင်း   သိရသည်။

နိုင်ငံအတွင်း   ကူးစက်ပျံ့နှံ့နေသည့် ဗိုင်းရပ်အစစ်မှာ နိုင်ငံရေးသမားများသာ ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ယခုအခါခံနိုင်ရည် ရှိနေပြီ ဖြစ်ကြောင်း  ဆန္ဒပြရာတွင် ပါဝင်သည့် အသက် ၁၈ နှစ်ရှိ ကျောင်းသူတစ်ဦးက ပြောသည်။

ဆန္ဒပြသူများသည် အစိုးရဆန့်ကျင်ရေး လက်ကမ်းစာစောင်များနှင့် နိုဗယ်ကိုရိုနာဗိုင်းရပ် မကူးစက်စေရန် ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များကို ပြည်သူများအား ဖြန့်ဝေပေးသည်။

ထို့ပြင် စေတနာ့ဝန်ထမ်းများက ပြည်သူများအား နှာခေါင်းစည်းများလည်း အခမဲ့ဝေငှပေးသည်။ ထိုနှာခေါင်းစည်းများသည် ပြင်ပဈေးကွက်တွင် သာမန်ထက်ဈေးနှစ်ဆ မြင့်တက်နေသည်။

ပြီးခဲ့သည့် သီတင်းပတ်တွင် အီရတ်နိုင်ငံ၌ အီရန်နိုင်ငံသားတစ်ဦး နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရမှုသည် ထိုနိုင်ငံအတွက် ဗိုင်းရပ်ပထမဆုံးကူးစက်မှု ဖြစ်လာသည်။

အိမ်နီးချင်း အီရန်နိုင်ငံ၌ အဆိုပါဗိုင်းရပ်ကူးစက်ခံရသူ  ၉၇၈ ဦးအထိရှိလာပြီး ၅၄ ဦး သေဆုံးသွားသည်။  

အဆိုပါ လူသေဆုံးမှု ပမာဏသည် ဗိုင်းရပ်ကူးစက်မှု စတင်ဖြစ်ပွားသည့် တရုတ်နိုင်ငံပြင်ပ၌ အများဆုံးဖြစ်သည်။

Ref: The Straits Times

Read 75 times Last modified on Tuesday, 03 March 2020 09:35