SJ WorldNews - шаблон joomla Авто

ဟူဘေးပြည်နယ်၌ နိုဗယ်ကိုရိုနာဗိုင်းရပ် နောက်ထပ်ကူးစက်မှု သိသိသာသာ ကျဆင်း

Tuesday, 03 March 2020 09:35 font size decrease font size decrease font size increase font size increase font size

ကမ္ဘာတစ်ဝန်းကို တုန်လှုပ်သွားအောင် ရိုက်ခတ်စေသည့် နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ပျံ့နှံ့မှု စတင်ဖြစ်ပွားရာ ဟူဘေးပြည်နယ်သည် အဆိုပါဗိုင်းရပ် နောက်ထပ်ကူးစက်မှု သိသိသာသာ ကျဆင်းသွားပြီ ဖြစ်ကြောင်း သိရသည်။

မတ် ၁ ရက်တွင်တွေ့ရှိသည့် ဗိုင်းရပ်ကူးစက်ခံရသူ အရေအတွက်သည်   ၁၉၆ ဦးသာရှိသည့်အတွက်  ဇန်နဝါရီ ၂၄ ရက်နောက်ပိုင်း အနည်းဆုံးကူးစက်မှု ဖြစ်ကြောင်း အမျိုးသားကျန်းမာရေး ကော်မရှင်က မတ် ၂ ရက်တွင် ထုတ်ပြန်ထားသည်။

ယခုကူးစက်မှုကျဆင်းခြင်းသည်  ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှု စတင်ဖြစ်ပွားသည့်  ဝူဟန်မြို့၌ နောက်ထပ်ကူးစက်သူ ၁၉၃ ဦးအထိ ကျဆင်းလာခြင်းကြောင့် ဖြစ်သည်။

ထို့ပြင်   တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် နောက်ထပ်ကူးစက်သူ ၂ဝ၂ ဦးသာရှိပြီး ကူးစက်ခံရသူ စုစုပေါင်း ၈ဝ၁၇၄ ဦးနှင့် သေဆုံးသူစုစုပေါင်း ၂၉၁၂ ဦးရှိသည်။

Ref: CNA

Read 69 times Last modified on Tuesday, 03 March 2020 09:36