SJ WorldNews - шаблон joomla Авто

နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်ပျံ့နှံ့စေမှုကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်း မဟုတ်ကြောင်း ရှင်ချွန်ဂျီ

Tuesday, 03 March 2020 09:36 font size decrease font size decrease font size increase font size increase font size

ခရစ်ယာန်ဂိုဏ်းခွဲခေါင်းဆောင် တောင်းပန်တောင်ကိုရီးယားနိုင်ငံ၌ နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူးစက် ပျံ့နှံ့စေမှုကို ရည်ရွယ်ချက်ရှိရှိ   လုပ်ဆောင်ခြင်းမဟုတ်ကြောင်း ရှင်ချွန်ဂျီခရစ်ယာန်ဂိုဏ်းခွဲ ခေါင်းဆောင်က မတ် ၂ ရက်တွင် တောင်းပန်သည်။

အသက် ၈၈ နှစ်ရှိ ရှင်ချွန်ဂျီခရစ်ယာန်ဂိုဏ်းခွဲခေါင်းဆောင်     လီမန်ဟီးသည် ဂပ်ယောင်းမြို့၌    သတင်းထောက်များ ရှေ့မှောက်တွင် ကြမ်းပေါ်ဒူးထောက်ကာ ဦးခေါင်းနှင့်ကြမ်းပြင်ထိပြီး တောင်းပန်ခြင်းဖြစ်သည်။

၎င်းတို့ဂိုဏ်းအနေဖြင့်  နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်ပျံ့နှံ့စေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်း မဟုတ်ကြောင်း၊ ဗိုင်းရပ်ကိုကာကွယ်ရန် အစွမ်းကုန် ကြိုးပမ်းသော်လည်း မကာကွယ်နိုင်ခဲ့ကြောင်း လီမန်ဟီးက ပြောသည်။

ထို့ပြင်    ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုကို ကာကွယ်ရေးအတွက် အစိုးရ၏ ကြိုးပမ်းချက်များကိုလည်း ကျေးဇူးတင်ကြောင်းနှင့် အစိုးရအနေဖြင့် ခွင့်လွှတ်ပေးရန် တောင်းပန်လိုကြောင်း ၄င်းက ဆက်ပြောသည်။

တောင်ကိုရီးယားနိုင်ငံသည် ဗိုင်းရပ်ကူးစက်ခံရသူ ၄၂၁၂ ဦးနှင့် သေဆုံးသူ ၂၂ ဦးဖြင့်    တရုတ်နိုင်ငံပြီးနောက် ကူးစက်မှုအများဆုံးနိုင်ငံ ဖြစ်လာချိန်တွင် အဆိုပါ ခရစ်ယာန်ဂိုဏ်းခွဲမှ ခေါင်းဆောင်များကို လူသတ်မှု အပါအဝင် အခြားပြစ်မှုများဖြင့် စုံစမ်းစစ်ဆေးရန်   အစိုးရက တောင်းဆိုထားသည်။

အဆိုပါဂိုဏ်းခွဲသည်   အစောပိုင်းဗိုင်းရပ် ကူးစက်ပျံ့နှံ့မှုနှင့် ပတ်သက်၍   အစိုးရနှင့်ပူးပေါင်း ဆောင်ရွက်ရန် ငြင်းဆိုခဲ့ကြောင်း၊ အကယ်၍ ၄င်းတို့အနေဖြင့်သာ ပူးပေါင်းခဲ့မည်ဆိုပါက ဗိုင်းရပ်ပျံ့နှံ့မှုကို အချိန်မီထိန်းချုပ်နိုင်ပြီး လူသေဆုံးမှုလည်း   ယခုလောက်များမည် မဟုတ်ကြောင်း  ဆိုးမြို့တော်ဝန်ပါ့ဝန်ဆွန်းက ပြောသည်။

လီမန်ဟီးသည် ၄င်း၏ဂိုဏ်းအဖွဲ့ဝင်များ၏ ချစ်ကြောက်ရိုသေမှုကို ရရှိထားသူဖြစ်ပြီး ကမ္ဘာ့တရားစီရင်သည့်နေ့တွင် လူ ၁၄၄ဝဝဝ ကို ၄င်းနှင့်အတူ ကောင်းကင်ဘုံသို့ ခေါ်သွားမည်ဟု ကတိပေးထားသည့် ဘုန်းတော်ကြီး ဖြစ်ကြောင်း သိရသည်။       

Ref: The Straits Times

Read 60 times Last modified on Tuesday, 03 March 2020 09:37