SJ WorldNews - шаблон joomla Авто

၂ဝ၂၁ ဆီးဂိမ်းအတွက် မြန်မာ ယူ-၂၁ အသင်းကို မတ် ၉ ရက်တွင် စတင် ဖွဲ့စည်းမည်

Wednesday, 04 March 2020 11:52 font size decrease font size decrease font size increase font size increase font size

၂ဝ၂၁   ဗီယက်နမ်ဆီးဂိမ်းအတွက် မြန်မာ့လက်ရွေးစင်   ယူ-၂၁  ဘောလုံးအသင်းကို  ပဏာမကစားသမား ၃ဝ ခန့် ဖြင့် မတ် ၉ ရက်တွင် စတင်ဖွဲ့စည်းမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)မှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

မြန်မာ ယူ-၂၁ အသင်းကို ဘူလ်ဂေးရီးယား နိုင်ငံသားနည်းပြချုပ် ပိုပေါ့က တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပြီး  လက်ရှိတွင် ပဏာမကစားသမား ရွေးချယ်ရန် ပြည်တွင်းလိဂ်နှင့် လူငယ်လိဂ်ပွဲစဉ်များကို လိုက်လံကြည့်ရှု လျက်ရှိသည်။ ပြည်တွင်းလိဂ်ပွဲစဉ်များသည်  မတ် ၈ ရက်တွင်  ပြီးဆုံးမည် ဖြစ်သည့်အတွက် ယင်းပွဲစဉ်များ အပြီးတွင် မြန်မာ ယူ-၂၁ အသင်းကိုဖွဲ့စည်း၍ စုစည်းလေ့ကျင့်မည် ဖြစ်ကြောင်း သိရသည်။

''၂ဝ၂၁ ဗီယက်နမ်ဆီးဂိမ်းအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ မြန်မာ ယူ-၂၁ အသင်းကို ဖွဲ့စည်းဖို့   စီစဉ်ဖြစ်တာပါ။

အသင်းရဲ့ ကစားပုံ၊  ကစားကွက်တွေကို အသားကျဖို့ ကာလရှည်လေ့ကျင့်ပြင်ဆင်တဲ့ သဘောပါ။ အခုတစ်ခေါက်မှာ လေ့ကျင့်ပြင်ဆင်မှုပဲလုပ်မယ်။  ခြေစမ်းပွဲကစားဖို့ မရှိပါဘူး။  ဇွန်လ  နိုင်ငံတကာခြေစမ်းပွဲ ကာလမှာ ယူ-၂၁ အသင်းကို ထပ်မံလေ့ကျင့်ဖို့ရှိပါတယ်''ဟု ၄င်းကပြောသည်။

နည်းပြချုပ်ပိုပေါ့သည် ၂ဝ၁၉ ခုနှစ် ဖိလစ်ပိုင်ဆီးဂိမ်းတွင်   မြန်မာ ယူ-၂၂အသင်းကို ကိုင်တွယ်ခဲ့သူဖြစ်ပြီး ယင်းပြိုင်ပွဲ၌ မြန်မာအသင်းက ကြေးတံဆိပ်ဆုရရှိခဲ့သည်။ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း)ကို ၂ဝ၂၁ ခုနှစ်  နိုဝင်ဘာလအတွင်း  ဗီယက်နမ် နိုင်ငံ၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။                          

TZW

Read 35 times Last modified on Wednesday, 04 March 2020 12:08