SJ WorldNews - шаблон joomla Авто

ဒုက္ခသည်များ မဝင်လာရေး ဂရိလုံခြုံရေး တပ်ဖွဲ့က တူရကီနှင့် နယ်စပ်၌ အပြည့်အဝစောင့်ကြပ်

Wednesday, 04 March 2020 12:00 font size decrease font size decrease font size increase font size increase font size

ဂရိစစ်ဘက်နှင့် ရဲတပ်ဖွဲ့ဝင်များသည်  နိုင်ငံအတွင်းသို့ တရားမဝင်ရွှေ့ပြောင်းဒုက္ခသည်များ မဝင်လာနိုင်စေရေး အတွက် မတ် ၃ ရက်တွင် တူရကီနိုင်ငံနှင့် နယ်စပ်၌ အပြည့်အဝစောင့်ကြပ်လျက် ရှိကြောင်း သိရသည်။

အဆိုပါ ရွှေ့ပြောင်းဒုက္ခသည်များ အရေးကို မည်ကဲ့သို့ ကိုင်တွယ်ရမည်နှင့် ပတ်သက်၍ တူရကီနှင့်ဥရောပသမဂ္ဂ တို့အကြား တင်းမာမှုများ မြင့်တက်မှုတွင်  ဂရိ-တူရကီနယ်စပ်က အရေးပါသည့်နေရာ ဖြစ်လာသည်။

၂ဝ၁၆ ခုနှစ်တွင် ဥရောပသမဂ္ဂနှင့် ချုပ်ဆိုထားသော  ရွှေ့ပြောင်းဒုက္ခသည်များကို တူရကီနိုင်ငံအတွင်း ထိန်းသိမ်းထားမည်ဖြစ်ပြီး အပြန်အလှန်အနေဖြင့် ဥရောပသမဂ္ဂက တူရကီသို့ ယူရိုဘီလီယံပေါင်းများစွာ ထောက်ပံ့ပေးရမည့် သဘောတူစာချုပ်ကို တူရကီ အစိုးရက ဖေဖော်ဝါရီ ၂၇ ရက်တွင်  ဖျက်သိမ်းလိုက်သည်။

ထိုအချိန်မှစ၍   ရွှေ့ပြောင်းဒုက္ခသည် ထောင်ပေါင်းများစွာက တူရကီနယ်စပ်မှနေ၍ ဂရိနိုင်ငံသို့ဝင်နိုင်ရေး ကြိုးပမ်းလာ သည်။

ထို့ကြောင့်   ဂရိလုံခြုံရေးတပ်ဖွဲ့များက နယ်စပ်ကို အပြည့်အဝ စောင့်ကြပ်နေခြင်းဖြစ်ပြီး မတ် ၁ ရက်နှင့် ၂ ရက်တို့တွင် ရွှေ့ ပြောင်းဒုက္ခသည်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် တို့အကြား ပဋိပက္ခများပင် ဖြစ်ပွားသည်။

ဂရိရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများ အသုံးပြုသည့်အတွက်  ကလေးငယ်များနှင့် အမျိုးသမီးများ အပါအဝင် ရွှေ့ပြောင်းဒုက္ခသည်များစွာမှာ နှစ်နိုင်ငံစပ်ကြားမြေတွင် ပိတ်မိနေသည်။

ဂရိနယ်စပ်များသည် ဥရောပဒေသ၏ နယ်စပ်များ ဖြစ်ကြောင်း ဂရိဝန်ကြီးချုပ်က ပြောသည်။ ထို့ပြင် စစ်ဘက်တပ်ဖွဲ့ဝင်များသည်လည်း နယ်စပ်တစ်လျှောက်  ဂျစ်ကားများဖြင့် ကင်းလှည့်လျက်ရှိကြောင်း  သိရသည်။                       

Ref: CNA

Read 39 times Last modified on Wednesday, 04 March 2020 12:01