SJ WorldNews - шаблон joomla Авто

နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန်ဖြစ်နိုင်သေးကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ပြော

Wednesday, 04 March 2020 12:01 font size decrease font size decrease font size increase font size increase font size

ကမ္ဘာတစ်ဝန်း၌ နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ပျံ့နှံ့မှုများ တစ်နေ့တခြားမြင့်တက်နေဆဲ ဖြစ်သော်လည်း ထိုဗိုင်းရပ်ကိုထိန်း ချုပ်ရန်ဖြစ်နိုင်သေးကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ပြောသည်။

အဆိုပါဗိုင်းရပ်သည် ပြန်လမ်းမရှိသည့် ဗိုင်းရပ်မဟုတ်ကြောင်း၊ ထိုဗိုင်းရပ်ကို ပြန်တိုက်ထုတ်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

ထို့ပြင် ယင်းဗိုင်းရပ်ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာရန် မလိုအပ်သေးကြောင်း၊ လိုအပ်ချိန်တွင် ကြေညာမည် ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

လက်ရှိတွင် ကမ္ဘာတစ်ဝန်း၌ အဆိုပါ ဗိုင်းရပ်ကူးစက် ခံထားရသူ ၈၉ဝဝဝ ကျော် ရှိသော်လည်း ၉ဝ ရာခိုင်နှုန်းမှာ တရုတ် နိုင်ငံမှဖြစ်ပြီး  ထိုအထဲကမှ အများစုမှာ ဟူဘေးပြည်နယ်မှဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၌ နောက်ထပ် ကူးစက်ခံရသူ အရေအတွက်မှာ ဆက်လက်ကျဆင်းနေဆဲ ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် က မတ် ၂ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

တရုတ်နိုင်ငံပြင်ပ၌ ကူးစက်ခံရသူ ၉ဝဝဝ နီးပါးအနက် ၈ဝ ရာခိုင်နှုန်းမှာ ကိုရီးယား၊ အီတလီ၊ အီရန်နှင့် ဂျပန်နိုင်ငံတို့မှဖြစ်ပြီး ကူးစက်မှုရှိသည့် ၃၈ နိုင်ငံတွင် ဗိုင်းရပ် ကူးစက်ခံရသူ ၁ဝ ဦးနှင့် အောက်သာရှိကာ  ကျန်ရှိသည့် နိုင်ငံပေါင်း ၁ဝဝ ကျော်တွင် ဗိုင်းရပ်ကူးစက်ခံရသူတစ်ဦးပင် မရှိသေးကြောင်း သိရသည်။

အဓိကအားဖြင့် ဗိုင်းရပ်ကူးစက်ခံရနိုင် ချေ ရှိ၊ မရှိမှာ နေထိုင်သည့်နေရာ၊ အသက် အရွယ်နှင့်  ကျန်းမာမှုတို့အပေါ် မူတည်ကြောင်း ၄င်းကပြောသည်ဟု သိရသည်။

Ref: The Straits Times

Read 67 times Last modified on Wednesday, 04 March 2020 12:03