SJ WorldNews - шаблон joomla Авто

တူရကီ၏ အိုင်ဒလစ်ပြည်နယ် စစ်ဆင်ရေးတွင် အမေရိကန်က လေကြောင်းထောက်ပံ့မည် မဟုတ်

Wednesday, 04 March 2020 12:03 font size decrease font size decrease font size increase font size increase font size

တူရကီကလုပ်မည့် ဆီးရီးယားနိုင်ငံ အိုင်ဒလစ်ပြည်နယ် စစ်ဆင်ရေးတွင် အမေရိကန်က လေကြောင်းထောက်ပံ့မှု ပေးမည်မဟုတ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး  မာ့အက်စပါက ပြောသည်။

အမေရိကန်အနေဖြင့် လူသားချင်းစာနာ ထောက်ထားသည့် အကူအညီပေးအပ်မှု ကိုသာ တိုးမြှင့်လုပ်ဆောင် သင့်ကြောင်း၊ ထို့ကြောင့် တူရကီ၏ စစ်ဆင်ရေးတွင် အကူအညီပေးမည် မဟုတ်ကြောင်း မာ့အက်စပါက မတ် ၂ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အိုင်ဒလစ်ပြည်နယ် စစ်ဆင်ရေးတွင် တူရကီနိုင်ငံအား လေကြောင်းကာကွယ်ရေးနှင့် ထောက်လှမ်းရေး သတင်းများပေးခြင်းဖြင့် အကူအညီပေးရန် တူရကီနိုင်ငံခြားရေး ဝန်ကြီးက NATO တပ်ဖွဲ့ကို အစောပိုင်းတွင် တောင်းဆိုထားသည်။

အမေရိကန်သမ္မတ  ဒေါ်နယ်ထရမ့်နှင့် တူရကီသမ္မတ ရီဆပ်တေယစ်အာဒိုဂန် တို့ကလည်း ဆီးရီးယား အရေးနှင့် ပတ်သက်၍   တယ်လီဖုန်းမှတစ်ဆင့်   ဆွေးနွေးသည်။

ဆီးရီးယားအစိုးရ၏ အိုင်ဒလစ်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွင် တူရကီ စစ်သည် အများအပြား သေဆုံးပြီးနောက် ဆီးရီးယားနှင့်တူရကီတို့အကြား တင်းမာမှုများ မြင့်တက်လာခြင်း ဖြစ်ကြောင်း    သိရသည်။

Ref: Sputnik

Read 48 times Last modified on Wednesday, 04 March 2020 12:04