Print this page

အင်ဒိုနီးရှား၌ မီးတောင်ပေါက်ကွဲ၊ လေကြောင်းခရီးစဉ်များ ဖျက်သိမ်း

Wednesday, 04 March 2020 12:05 font size decrease font size decrease font size increase font size increase font size

အင်ဒိုနီးရှားနိုင်ငံရှိ   မီရာပီမီးတောင်ပေါက်ကွဲရာမှ   ချော်ရည်များထွက်ပြီး မီးတောင်အထက်    ကီလိုမီတာကျော်အထိ ပြာများ မှုတ်ထုတ်သည့်အတွက် လေကြောင်း သတိပေးချက်များ ချက်ချင်းထုတ်ပြန်ပြီး လေကြောင်းခရီးစဉ်များ ဖျက်သိမ်းလိုက်ရကြောင်း သိရသည်။

အနီရောင်သတိပေးချက် ထုတ်ပြန်လိုက်သည့်အတွက် တာဝန်ရှိသူများသည် အလယ်ဂျာဗားပြည်နယ်ရှိ အဒီးဆိုမာနိုလေဆိပ်ကို ယာယီပိတ်သိမ်းလိုက်သည်။

နိုင်ငံအတွင်း၌ လူဦးရေအထူထပ်ဆုံးဂျာဗားကျွန်းရှိ ယိုဂျာကာတာမြို့မှ ကီလိုမီတာ ၃ဝ အကွာ အမြင့် ၂၉၆၈ မီတာရှိ သည့် အဆိုပါမီးတောင်သည် နိုင်ငံအတွင်း၌ ပေါက်ကွဲမှု အများဆုံး ဖြစ်ပွားသည့် မီးတောင်များအနက် တစ်ခုဖြစ်သည်။

အဆိုပါမီးတောင်သည် ၂ဝ၁ဝ ပြည့်နှစ်တွင် ပေါက်ကွဲမှုများဖြစ်ပွားရာ လူပေါင်း ၃၅ဝ သေဆုံးပြီး မီးတောင်အနီးမှ ဒေသများမှာ သဘာဝဘေးကို ခံစားလိုက်ရသည်။

မီးတောင်ပေါက်ကွဲမှုသည် မတ် ၃ ရက် ဒေသစံတော်ချိန် နံနက် ၅ နာရီ ၂၂ မိနစ်တွင် ဖြစ်ပွားပြီး စက္ကန့် ၄၅ဝ ကြာပေါက်ကွဲကာ ကောင်းကင်သို့ ပြာများ မှုတ်ထုတ်ကြောင်း ဘူမိဗေဒဆိုင်ရာ နည်းပညာ၊ သုတေသနနှင့် တီထွင်မှုရုံးချုပ်က တွစ်တာစာမျက်နှာတွင် ရေးသားထားသည်။

မီးတောင်မှ ၃ ကီလိုမီတာအတွင်းသို့ ခြေကျင်ခရီးထွက်ခြင်းနှင့်   အခြားသော လှုပ်ရှားသွားလာမှုများ မပြုလုပ်ရန် မီးတောင် အနီးနားရှိ ဒေသခံပြည်သူများကို သတိပေးထားသည်။

Ref: The Straits Times

Read 97 times Last modified on Wednesday, 04 March 2020 12:07