SJ WorldNews - шаблон joomla Авто

နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသည့် လက္ခဏာမပြလျှင်ပင် ပြည်သူများ ကျန်းမာရေး စစ်ဆေးမှု ခံယူရဖွယ်ရှိဟု မိုက်ပန့်ပြော

Thursday, 05 March 2020 09:22 font size decrease font size decrease font size increase font size increase font size

အမေရိကန်ပြည်သူများ အနေဖြင့် နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသည့် လက္ခဏာများ မပြလျှင်ပင် ကျန်းမာရေးစစ်ဆေးမှု ခံယူရဖွယ်ရှိကြောင်း ဒုတိယသမ္မတ မိုက်ပန့်က ပြောသည်။

ပြည်သူများအနေဖြင့် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနက လုပ်ဆောင်သည့် ဗိုင်းရပ်ကူးစက်ခံရခြင်းရှိ၊ မရှိ ကျန်းမာရေး စစ်ဆေးမှု ခံယူရဖွယ်ရှိကြောင်း မိုက်ပန့်က သတင်းထောက်များကို   ပြောခြင်းဖြစ်သည်။

နိုင်ငံတစ်ဝန်း၌   ဗိုင်းရပ်ကူးစက်ခံရသူ ၂၇ ဦးရှိပြီး ကိုးဦးသေဆုံးကာ ၂၃၁ ဦးကို စောင့်ကြည့်နေရကြောင်း   ကျန်းမာရေး တာဝန်ရှိသူများက မတ် ၃ ရက်တွင် အတည်ပြုထားသည်။

ထို့ပြင် မြောက်ကယ်ရိုလိုင်းနား ပြည်နယ်၌ ပထမဆုံးအဖြစ် ဗိုင်းရပ်ကူးစက်ခံရသူ တစ်ဦးရှိပြီး နောက်ထပ် ကူးစက်သူများလည်းရှိလာနိုင်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ရွိုင်ကူးပါးက ပြောသည်။

မတ် ၄ ရက် ထုတ်ပြန်ချက်အရ ကမ္ဘာ့နိုင်ငံပေါင်း ၇၇ နိုင်ငံတွင် နိုဗယ်ကိုရိုနာ ဗိုင်းရပ် ကူးစက်ခံရသူ  ၉၃ဝ၉၄  ဦးရှိပြီး သေဆုံးသူ ၃၁၉၈ ဦးရှိကြောင်း သိရသည်။

Ref: Sputnik

Read 34 times Last modified on Thursday, 05 March 2020 09:23