SJ WorldNews - шаблон joomla Авто

ပြည်ပသို့ရောဂါကာကွယ်ရေး ပစ္စည်းများ တင်ပို့မှု ရုရှားတားမြစ်

Thursday, 05 March 2020 09:24 font size decrease font size decrease font size increase font size increase font size

ရုရှားအစိုးရသည် နှာခေါင်းစည်းများ၊ အသက်ရှူကိရိယာများ၊ လူနာများကိုထိတွေ့ ကုသရာတွင် ဆရာဝန်များ အသုံးပြုသည့် ကာကွယ်ရေးဝတ်စုံများ စသည့် ရောဂါကာကွယ်ရေး ပစ္စည်းများ ပြည်ပသို့ တင်ပို့မှုကို တားမြစ်မိန့်ချမှတ်လိုက်ကြောင်း သိရသည်။

အဆိုပါ အမိန့်ကို မတ် ၄ ရက်တွင် တရားဝင်ထုတ်ပြန်လိုက်ကြောင်းနှင့် ပြည်ပသို့တင်ပို့မှု တားမြစ်သည့် ပစ္စည်းကိရိယာ ၁၇ မျိုးတွင် နှာခေါင်းစည်းများ၊ ခွဲစိတ်ခန်းသုံးဆပ်ပြာများ၊ ဓာတ်ငွေ့ကာမျက်နှာဖုံးများ၊ ကာကွယ်ရေး ဝတ်စုံများနှင့် ပြန်အသုံးပြုနိုင်သော ဗိုင်းရပ်ကာကွယ်ရေး ဝတ်စုံများ ပါဝင်သည်။

အဆိုပါတားမြစ်မှုသည် တစ်ကမ္ဘာလုံး၌ လူပေါင်း ၉၃ဝဝဝ ကျော် ကူးစက်ခံရပြီး ၃၁ဝဝ ကျော်သေဆုံးစေသည့် နိုဗယ်ကိုရိုနာဗိုင်းရပ်အပေါ် ရုရှားနိုင်ငံသားများ၏ စိုးရိမ်ပူပန်မှုမြင့်တက်ခြင်းကို ကာကွယ်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။

ပြည်ပသို့ ကာကွယ်ရေးပစ္စည်းများ တင်ပို့မှုတားမြစ်သည့် အမိန့်သည် မတ် ၂ ရက်တွင် စတင်အသက်ဝင်ပြီး ဇွန် ၁ ရက်တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။

ရုရှားနိုင်ငံ၌ နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသူ ခြောက်ဦးရှိသည်ဟု အတည်ပြုထားကြောင်း၊  ၄င်းတို့ အနက်သုံးဦးသည် ဂျပန်၌ ဆိုက်ကပ်သည့် ဒိုင်းမွန်းပရင့်ဆက်သင်္ဘောမှ ပြန်လာသူများ ဖြစ်ပြီး အခြားနှစ်ဦးမှာ တရုတ်နိုင်ငံသားများ ဖြစ်သည်။

မတ် ၂ ရက်တွင် အီတလီမှ ပြန်လာသည့် ရုရှားအမျိုးသားတစ်ဦး ဗိုင်းရပ်ကူးစက်ခံရသည်ဟု ကြေညာလိုက်မှုသည် မော်စကိုမြို့၌ ပထမဆုံးအကြိမ် ဗိုင်းရပ်တွေ့ရှိမှု ဖြစ်ကြောင်း သိရသည်။

Ref: The Straits Times

Read 55 times Last modified on Thursday, 05 March 2020 09:25