SJ WorldNews - шаблон joomla Авто

နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေး လူစုလူဝေး မပြုလုပ်ရန် အိန္ဒိယဝန်ကြီးချုပ်တိုက်တွန်း

Thursday, 05 March 2020 09:25 font size decrease font size decrease font size increase font size increase font size

နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေး လူစုလူဝေးမပြုလုပ်ရန် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက မတ် ၄ ရက်တွင် ပြောသည်။

နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ပျံ့နှံ့မှုနှင့် ပတ်သက်၍  စိုးရိမ်ထိတ်လန့်သည့်အတွက် မတ် ၁ဝ ရက်တွင် ကျရောက်သော ဟိုလီပွဲတော် အခမ်းအနားများကိုတက်မည် မဟုတ်ကြောင်း မိုဒီက ကြေညာထားသည်။

နိုဗယ်ကိုရိုနာဗိုင်းရပ်ကြောင့် ဖြစ်သည့် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ ဝင်ပေါက်ထွက်ပေါက်များ၌ ရောဂါစစ်ဆေးမှု အပါအဝင်   ကြိုတင်ကာကွယ်မှုများကို တာဝန်ရှိသူများက  ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ၄င်းကဆက်ပြောသည်။

ထို့ပြင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စီမံချက်များကို နိုင်ငံသားများအနေဖြင့် လေးစားလိုက်နာရန် ဝန်ကြီးချုပ်က မေတ္တာရပ်ခံထားကြောင်း သိရသည်။

Ref: Xinhua

Read 32 times Last modified on Thursday, 05 March 2020 09:26