SJ WorldNews - шаблон joomla Авто

တောင်ကိုရီးယား၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၅၆၂၁ ဦးအထိ မြင့်တက်

Thursday, 05 March 2020 09:26 font size decrease font size decrease font size increase font size increase font size

တောင်ကိုရီးယားနိုင်ငံ၌ မတ် ၄ ရက်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၂၉၃ ဦးကို ထပ်မံတွေ့ရှိသည့်အတွက် ရောဂါဖြစ်ပွားသူ စုစုပေါင်း ၅၆၂၁ ဦးအထိ မြင့်တက်လာကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ရောဂါကြောင့် လူနှစ်ဦးထပ်မံသေဆုံးသည့်အတွက် သေဆုံးသူ ၃၃ ဦးအထိ ရှိလာသည်။ ထို့ပြင် နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူးစက်မှုသည် ဒေသစံတော်ချိန် နံနက် ၁ဝ နာရီနှင့် ညနေ ၅ နာရီအကြားမှာပင် နှစ်ဆမြင့်တက်လာကြောင်း ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနက ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၁၉ ရက်မှ မတ် ၃ ရက်အထိ နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသူ ၅၁၅၅ ဦး ရှိသည်ဟူသော ထုတ်ပြန်ချက်နှင့်အတူ ပြီးခဲ့သည့်  သီတင်းပတ်နှစ်ပတ်ခန့်တွင် ဗိုင်းရပ်ကူးစက်မှုမှာ တစ်ဟုန်ထိုးမြင့်တက်လာသည်။

အဆိုပါ ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုနှင့် ပတ်သက်၍ အစိုးရက နိုင်ငံအတွင်း၌ အမြင့်ဆုံးအနီရောင်အဆင့်   သတိပေးချက်များ တိုးမြှင့်ထုတ်ပြန်ထားကြောင်း  သိရသည်။              

Ref: Xinhua

Read 46 times Last modified on Thursday, 05 March 2020 09:26