SJ WorldNews - шаблон joomla Авто

ကျိုင်းကောင်များကို နှိမ်နင်းရေး ပါကစ္စတန် ကြိုးပမ်းနေရ

Thursday, 05 March 2020 09:26 font size decrease font size decrease font size increase font size increase font size

ပါကစ္စတန်လယ်သမားများသည် ဆယ်စုနှစ် သုံးခုအတွင်း အဆိုးရွားဆုံး ကြုံတွေ့နေရသော ကောက်ပဲသီးနှံများကို ဖျက်ဆီးစားသောက်သည့် ကျိုင်းကောင်များကို နှိမ်နင်းရေးအတွက် ကြိုးပမ်းနေရကြောင်း သိရသည်။

ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုတို့ကြောင့် ကျိုင်းကောင်ပေါက်ပွားမှုနှုန်းမှာ  မထင်မှတ် လောက်အောင် များပြားလာပြီး၂ဝ၁၉ ခုနှစ်အစောပိုင်းတွင် အာရေဘီယံကျွန်းဆွယ်၌ ကျိုင်းကောင် အရေအတွက်များပြားလာခြင်း ဖြစ်ကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျိုင်းကောင်များသည် မျိုးပွားမှုနှုန်းပိုမိုမြင့်တက်လာပြီး အရှေ့အာဖရိကမှ အိန္ဒိယနိုင်ငံအထိ ကောက်ပဲသီးနှံများကို ဝင်ရောက်စားသုံးမှုကြောင့် လယ်ယာမြေများ အကြီးအကျယ် ထိခိုက်ပျက်စီးရသည်။

ပါကစ္စတန်နိုင်ငံ၌ ကျိုင်းကောင်ပြဿနာနှင့် ပတ်သက်၍   အစိုးရက အရေးပေါ် ကြေညာချက် ထုတ်ပြန်ပြီး နိုင်ငံတကာမှ အရေးပေါ် အကူအညီများ  တောင်းခံခဲ့သည်။

ကျိုင်းကောင်များ  ပြန့်ပွားမှုကြောင့် ကောက်ပဲသီးနှံများ ရိတ်သိမ်းမှုမတိုင်မီ ဝါပင်များနှင့် ကောက်ပဲသီးနှံများ  အကြီး အကျယ် ထိခိုက်ပျက်စီးမည်ကို ဆင်းပြည်နယ်တောင်ပိုင်းရှိ တာဝန်ရှိသူများက စိုးရိမ်ပူပန်လျက်ရှိသည်။

ပန်ဂျပ်ပြည်နယ်အလယ်ပိုင်း ပစ်လီပါယာကျေးရွာရှိ စိုက်ပျိုးရေးဌာနမှ ကျိုင်းကောင် နှိမ်နင်းရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ရှီဘက်အက်တာက ၄င်း၏လုပ်သက်အတွင်း ယခုကဲ့သို့ ကျိုင်းကောင်များ ပြန့်ပွားမှုကိုတစ်ကြိမ်တခါမျှ မတွေ့ကြုံဘူးကြောင်း ပြောသည်ဟု သိရသည်။

Ref: The Straits Times

Read 65 times Last modified on Thursday, 05 March 2020 09:27