SJ WorldNews - шаблон joomla Авто

တရုတ်လေကြောင်းပျံသန်းရေးနှင့် အခြားကုမ္ပဏီများအပေါ် CIA က ဆယ်နှစ်ကြာ ဆိုက်ဘာတိုက်ခိုက်ဟုဆို

Thursday, 05 March 2020 09:28 font size decrease font size decrease font size increase font size increase font size

အမေရိကန်နိုင်ငံရှိ ဗဟိုထောက်လှမ်းရေးဌာန (CIA)သည် တရုတ်လေကြောင်း ပျံသန်းရေးနှင့် အခြားကုမ္ပဏီ များအပေါ် ဆယ်နှစ်ကြာ ဆိုက်ဘာတိုက်ခိုက်ကြောင်း  တရုတ်ဆိုက်ဘာလုံခြုံရေး ကုမ္ပဏီတစ်ခုက ထုတ်ပြန်သည်။

WikiLeaks က ၂ဝ၁၇ ခုနှစ်တွင်ထုတ် ပြန်သည့် CIA က အသုံးပြုသော ဗိုင်းရပ်ဆော့ဝဲများနှင့် နှိုင်းယှဉ်လေ့လာရာမှ တရုတ်ကုမ္ပဏီများကို ပစ်မှတ်ထားသည့် ဆိုက်ဘာတိုက်ခိုက်မှုများကို ဖော်ထုတ်နိုင်ခြင်း ဖြစ်ကြောင်း  Qihoo 360 ဆိုက်ဘာလုံခြုံရေး ကုမ္ပဏီက အင်္ဂလိပ်-တရုတ် နှစ်ဘာသာဖြင့် ထုတ်ပြန်သည့် အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြသည်။

CIA သည် တရုတ်နိုင်ငံ၏ လေကြောင်းလိုင်းများနှင့် စွမ်းအင်ကဏ္ဍ၊ သိပ္ပံနည်းကျ သုတေသန အဖွဲ့များ၊ အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းများနှင့် အစိုးရဌာနများအပေါ် အဓိက ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း တရုတ်နိုင်ငံ၏ ဒစ်ဂျစ်တယ် လုံခြုံရေးအတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့်  Qihoo 360 ကုမ္ပဏီက ပြောသည်။

ထို့ပြင် CIA က နိုင်ငံ၏ လေကြောင်းလိုင်း ပျံသန်းမှုအပေါ် အဓိကပစ်မှတ်ထား ဆိုက်ဘာတိုက်ခိုက်ခြင်းသည် တရုတ်နိုင်ငံ၏ ခရီးသွားလာရေး လုပ်ငန်းမှ အရေးကြီး ခရီးစဉ်များကို ထောက်လှမ်းရန် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်နိုင်သည်ဟု အဆိုပါ ကုမ္ပဏီက ဆက်ပြောသည်။

Qihoo 360 ကုမ္ပဏီ၏ အဆိုပါထုတ် ပြန်ချက်အပေါ် အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် CIA တို့က မှတ်ချက်ပြု ပြောထားခြင်း မရှိပေ။

အမေရိကန်နိုင်ငံသည် အခြားအင်အားကြီး နိုင်ငံများကဲ့သို့ပင် ဆိုက်ဘာတိုက်ခိုက်မှုများနှင့် ပတ်သက်၍ စွပ်စွဲခံရပါက တုံ့ပြန် ပြောဆိုလေ့ မရှိကြောင်း သိရသည်။

Ref: The New York Times

Read 65 times Last modified on Thursday, 05 March 2020 09:29