SJ WorldNews - шаблон joomla Авто

နိုဗယ်ကိုရိုနာဗိုင်းရပ်ကို သတ်ပေးနိုင်မယ့် တရုတ်ကုမ္ပဏီက ဖန်တီးလိုက်တဲ့ အကာအကွယ် ကိရိယာ

Thursday, 05 March 2020 09:29 font size decrease font size decrease font size increase font size increase font size

တရုတ်နိုင်ငံကနေမှတစ်ဆင့်  ကမ္ဘာတစ်ဝန်းမှာကူးစက်ပျံ့နှံ့နေပြီ ဖြစ်တဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ်ဟာ လင်းနို့တွေကနေ   စတင်ကူးစက်တာ ဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ်။

အခုလတ်တလော အခြေအနေမှာတော့    အဲဒီဗိုင်းရပ်ကူးစက်မှုကို ကာကွယ်ပေးနိုင်တဲ့ ဆေးဝါးမထွက်လာသေးပါဘူး။ ဒါကြောင့် ဗိုင်းရပ်မကူးစက်အောင် ကိုယ့်ကိုယ်ကိုယ်ဆင်ခြင်ပြီးနေထိုင်ကြရမှာပါ။

ဗိုင်းရပ်မကူးစက်အောင် ဘယ်လိုနေရမလဲဆိုရင် အဓိကအားဖြင့်တော့ လက်ကိုဆပ်ပြာ သို့မဟုတ် အယ်ကိုဟောပါတဲ့ လက်သန့်ဆေးရည်တွေနဲ့ သေချာစွာဆေးရပါမယ်။ မျက်နှာကို မသန့်ရှင်းတဲ့လက်နဲ့ ခဏခဏ မထိရပါဘူး။

လူစုလူဝေးရှိတဲ့ နေရာတွေကိုလည်း မသွားဘဲ  ရှောင်ကြဉ်ရပါမယ်။ ကိုယ့်ကိုယ်ကိုယ် နေမကောင်းဖြစ်နေပြီ ဒါမှမဟုတ် တုပ်ကွေးမိသလိုမျိုး ရောဂါလက္ခဏာတွေ ခံစားနေရပြီ ဆိုရင်လည်း ကိုယ့်ဆီက ရောဂါပိုးတွေ တခြားသူ တွေဆီမကူးအောင် နှာခေါင်းစည်းတပ်တာလိုမျိုး  အကာအကွယ်တွေ လုပ်ရပါမယ်။

အထက်မှာပြောခဲ့တဲ့ နည်းလမ်းတွေကတော့   ရောဂါပိုးကူးစက်မခံရအောင်၊ ရောဂါပိုးမပျံ့နှံ့အောင် လုပ်နိုင်တဲ့ နည်းလမ်းတွေထဲက တချို့တစ်ဝက်ဖြစ်ပါတယ်။  နိုဗယ်ကိုရိုနာဗိုင်းရပ်ကို သတ်ဖို့ဆိုရင်တော့ တခြားနည်းလမ်း တွေလည်း လိုအပ်ပါတယ်။

ဒါ့အပြင်   နိုဗယ်ကိုရိုနာဗိုင်းရပ်ဟာ ဘယ်လိုအခြေအနေမျိုးတွေမှာ ရှင်သန်နိုင်တယ် ဆိုတာကိုလည်း သိဖို့ လိုအပ်ပါတယ်။

သုတေသီတွေရဲ့    လေ့လာမှုအရ ဆိုရင်တော့ နိုဗယ်ကိုရိုနာဗိုင်းရပ်ဟာ ဖုန်းမျက်နှာပြင်လိုမျိုး မာကျောတဲ့ မျက်နှာပြင် တွေမှာ သီတင်းပတ်တစ်ပတ်အထိ ရှင်သန်နေနိုင်ပြီး  အဲဒီနေရာတွေဟာ ဗိုင်းရပ်ကူးစက်မှု အများဆုံးဖြစ်   နိုင်တဲ့နေရာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဖုန်းမျက်နှာပြင်များ၊ တံခါးလက်ကိုင်များ အစရှိတဲ့ မျက်နှာပြင်တွေကို တစ်နေ့ကိုနှစ်ကြိမ် အယ်ကိုဟောနဲ့ဆေးပေးခြင်းဖြင့် ဗိုင်းရပ်တွေကို သတ်နိုင်ပါတယ်။

ဒီလိုမှမဟုတ်ဘဲ ဖုန်းကိုကိုင်လိုက်၊ မျက်နှာကိုကိုင်လိုက်ဆိုရင်   ဗိုင်းရပ်ကူးစက်မှုကို  အလွယ်တကူ ခံရနိုင်တယ်လို့ ဆောက်သမ်တန်တက္ကသိုလ်မှ ပါမောက္ခ  ဝီလီယံကီးဗေးက    သတိပေးထားပါတယ်။

နောက်တစ်ချက်က နိုဗယ်ကိုရိုနာဗိုင်းရပ်ဟာ အပူချိန် ၅၆ ဒီဂရီစင်တီဂရိတ်မှာဆိုရင် သေဆုံးနိုင်တယ်လို့ သုတေသနပညာရှင်တချို့က ပြောထားပါတယ်။   ဒီအပူချိန်ဟာ နိုဗယ်ကိုရိုနာဗိုင်းရပ်အပြင် တခြားဗိုင်းရပ် တွေကိုလည်း   သေစေနိုင်စွမ်းရှိပါတယ်။

ဒါယွန်ဆန်းဆိုတဲ့ တရုတ်ကုမ္ပဏီတစ်ခုက ဒီလိုအချက်တွေကို   နမူနာယူပြီးတော့ နိုဗယ်ကိုရိုနာဗိုင်းရပ်ကို သတ်နိုင်မယ့် အကာအကွယ်ကိရိယာတစ်ခုကို ဖန်တီးလိုက်ပါပြီ။

ဖိုက်ဘာနဲ့ ပြုလုပ်ထားတဲ့ အဲဒီအကာအကွယ်ကိရိယာရဲ့ ပုံစံက လင်းနို့တောင်ပံလိုမျိုးဖြစ်ပြီး  ကျောပိုးအိတ်လိုမျိုးလွယ်ပြီး ဝတ်ဆင်ရတာပါ။

အဲဒီကိရိယာကိုတော့ လင်းနို့လူသားလို့ နာမည်ပေးထားပါတယ်။ သူ့မှာပါတဲ့ အပူခံပလတ်စတစ်က ဆန့်ထွက်လာပြီး ဝတ်ဆင်ထားသူကို နိုဗယ်ကိုရိုနာဗိုင်းရပ်ကနေ အကာအကွယ်ပေးတာ ဖြစ်ပါတယ်။ ဒီကိရိယာမှာ ပါတာကတော့ ခရမ်းလွန်ရောင်ခြည်ပါ။

အဲဒီခရမ်းလွန်ရောင်ခြည်က လေထဲမှာရှိတဲ့ ဘယ်လိုရောဂါပိုးတွေကိုမဆို သတ်နိုင်တဲ့အထိ ပူပြင်းပါတယ်။ ဒါကြောင့် အကာအကွယ်ကိရိယာထဲမှာ ရှိတဲ့လူအနေနဲ့ အလိုလိုပိုးသတ်ပြီးသား ဖြစ်သွားမှာပါ။

ကုမ္ပဏီကပြောဆိုချက်အရ ဆိုရင်တော့   သူတို့လေ့လာကြည့်ရသလောက်   လင်းနို့တွေဟာ ရောဂါပိုးတွေကို အနည်းငယ် ခံနိုင်ရည်ရှိတယ်လို့ ဆိုပါတယ်။

ဘာကြောင့် ခံနိုင်ရည်ရှိရတာလဲဆိုရင် လင်းနို့တွေဟာ ပျံသန်းတဲ့အခါ သူတို့ရဲ့ခန္ဓာကိုယ်ဟာ အပူချိန် ၁ဝ၄ ဒီဂရီဖာရင်ဟိုက်အထိ တိုးလာပါတယ်။   ဒါ့အပြင် လျင်မြန်တဲ့ဇီဝ ဖြစ်စဉ်တစ်ခုလည်းရှိပြီး   အဲဒီဇီဝဖြစ်စဉ်က လေထဲကိုရောဂါပိုးတွေ   မပျံ့နှံ့အောင် လျှော့ချပေးနိုင်တယ်လို့  သိရပါတယ်။

လက်ရှိမှာတော့  အဲဒီအကာအကွယ် ကိရိယာဟာ  အယူအဆအဆင့်မှာပဲ ရှိပါသေးတယ်။     ဒါယွန်ဆန်း ကုမ္ပဏီကလည်း     ရင်းနှီးမြှုပ်နှံသူတွေကို     ရှာဖွေနေဆဲ ဖြစ်ပါတယ်။ 

ဒါကြောင့်   လက်ရှိမှာတော့ အချိန်အတော်ကြာတဲ့အထိ  ထွက်ပေါ်လာဖွယ် မရှိသေးပါဘူး။   ဒါ့အပြင်  ပြင်းထန်တဲ့ ခရမ်းလွန်ရောင်ခြည်က လူ့အရေပြားနဲ့ ထိတွေ့မိရင်  အရေပြားကင်ဆာ ဖြစ်နိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က သတိပေး ထားတဲ့အတွက် သူတို့အနေနဲ့ လက်ရှိပုံစံကို ပြောင်းလဲမှုတွေနဲ့ တိုးတက်မှုတွေ  ဆက်လက် လုပ်ဆောင်ရဦးမယ်လို့ ဆိုပါတယ်။                      

Ref: MO

Read 68 times Last modified on Thursday, 05 March 2020 09:30