SJ WorldNews - шаблон joomla Авто

တူရကီက ဒုက္ခသည်များ ပြန်မဝင်လာစေရန် ဂရိနယ်စပ်၌ အထူးတပ်ဖွဲ့ ဖြန့်ကြက်မည်

Friday, 06 March 2020 14:13 font size decrease font size decrease font size increase font size increase font size

တူရကီအစိုးရအနေဖြင့် နိုင်ငံအတွင်းသို့ ရွှေ့ပြောင်းဒုက္ခသည်များ ပြန်မဝင်လာစေရန် ဂရိနယ်စပ်၌ အထူးစစ်ဆင်ရေး တပ်ဖွဲ့ကို ဖြန့်ကြက်မည်ဟု တူရကီပြည်ထဲရေးဝန်ကြီး ဆူလေမန်ဆွိုင်လူက ကြေညာသည်။

ဥရောပနယ်စပ်လုံခြုံရေး အေဂျင်စီ အနေဖြင့် ရွှေ့ပြောင်းဒုက္ခသည် ၄၉ဝဝ ခန့်ကို တူရကီနိုင်ငံသို့ ပြန်လည် တွန်းပို့နေပြီး ယင်းဖြစ်စဉ်အတွင်း လူ ၁၆၄ ဦးဒဏ်ရာ ရရှိကြောင်း ၄င်းက ဆက်ပြောသည်။

တူရကီအနေဖြင့်   ဥရောပသမဂ္ဂနှင့် ချုပ်ဆိုထားသော ကနဦး သဘောတူညီချက်များကို ချိုးဖောက်သည့်အနေဖြင့် ဥရောပသို့ ဒုက္ခသည်များ ဝင်ရောက်ခြင်းကို    ထပ်မံတားဆီးမည် မဟုတ်ကြောင်း ကြေညာချက် ထုတ်ပြန်ပြီးနောက် ဂရိ-တူရကီနယ်စပ်တွင် ရွှေ့ပြောင်းဒုက္ခသည်များနှင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များအကြား ပဋိပက္ခများ ဖြစ်ပွားသည်။

ဥရောပသမဂ္ဂက  တူရကီမှတစ်ဆင့် ဆီးရီးယားနိုင်ငံ အိုင်ဒလစ်ပြည်နယ်မှ ဝင်လာမည့် ဒုက္ခသည်များကို ပြန်လည် တွန်းပို့ပြီး  ဂရိ-တူရကီနယ်စပ်သို့  အတင်းဓမ္မ စေလွှတ်ရန် ကြိုးပမ်းမည့် ဆုံးဖြတ်ချက် ကိုတုံ့ပြန်သည့် အနေဖြင့် တူရကီ၏ ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဂရိ-တူရကီနယ်စပ်၌ ပဋိပက္ခများဖြစ်ပွား ချိန်မှစ၍ ဂရိနိုင်ငံက ဒုက္ခသည် ၃၅ဝဝဝ နီးပါးကို တားဆီးထားသည်။ ထို့ပြင် ဂရိအနေဖြင့် နယ်စပ်သို့ ကူးလာသည့် ဒုက္ခသည် ရာပေါင်းများစွာကို  နှင်ထုတ်ရန် ကတိပြုထားသည်။

အိုင်ဒလစ်ပြည်နယ်၌ အခြေအနေများ ဆိုးရွားလာပြီးနောက်  ဒုက္ခသည်များက တူရကီနိုင်ငံသို့ ဝင်ရောက်လာသည်။ တူရကီ အစိုးရကလည်း ယင်းပြည်နယ်၌ ဆီးရီးယား စစ်ဘက်အပေါ် စစ်ဆင်ရေးများ လုပ်ဆောင်နေကြောင်း သိရသည်။

Ref: Sputnik

Read 50 times Last modified on Friday, 06 March 2020 14:14