Print this page

သီရိလင်္ကာက အမေရိကန်ဒေါ်လာ ၃၃ သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

Friday, 06 March 2020 14:14 font size decrease font size decrease font size increase font size increase font size

သီရိလင်္ကာနိုင်ငံပိုင် ပင်လယ်ပြင်အတွင်း နိုင်ငံခြားသင်္ဘောနှစ်စင်းမှ  အမေရိကန် ဒေါ်လာ ၃၃ သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို အစိုးရတပ်ဖွဲ့က သိမ်းဆည်းရမိကြောင်း ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ သင်္ဘောနှစ်စင်း၌ အလေးချိန် ၄ဝဝ ကီလိုဂရမ်ရှိ ဘိန်းဖြူနှင့် ၁ဝဝ ကီလိုဂရမ်ရှိ မက်သာဖက်တမင်းများကို တွေ့ရှိကြောင်းနှင့် သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများသည် မှောင်ခိုပေါက်ဈေးအရ ရူပီး သန်း ၆ဝဝဝ ခန့်ရှိမည်ဟု အာဏာပိုင်များက ယူဆထားသည်။

မူးယစ်ဆေးဝါး တင်ဆောင်လာသည့် နိုင်ငံခြားသင်္ဘောနှစ်စင်းကို သီရိလင်္ကာငါးဖမ်းသင်္ဘောတစ်စင်းက မတ် ၅ ရက်တွင် ကိုလံဘိုမြို့တော် အနီးရှိ ဆိပ်ကမ်းတစ်ခု အနီးသို့ စောင့်ကြပ်ကာ အတူတကွ လိုက်ပါလာခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍  စုံစမ်းစစ်ဆေးရန် ထိုသင်္ဘောများမှ နိုင်ငံခြားသား အမှုထမ်း ၁၆ ဦးနှင့် သီရိလင်္ကာနိုင်ငံသား  ငါးဦးကို တာဝန်ရှိသူများက ဖမ်းဆီး ထိန်းသိမ်းထားသည်။

တရားဝင်မှတ်ပုံ တင်ထားခြင်း မရှိသော အဆိုပါ   သယ်ယူပို့ဆောင်ရေး သင်္ဘောနှစ်စင်းကို တာဝန်ရှိသူများက သီရိလင်္ကာ ကမ်းရိုးတန်းမှ ကီလိုမီတာ ၁၁ဝဝ အကွာရှိ   ရေပိုင်နက်အတွင်း    ကြားဖြတ် ဝင်ရောက် ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

Ref: CNA

Read 64 times Last modified on Friday, 06 March 2020 14:15