SJ WorldNews - шаблон joomla Авто

နိုဗယ်ကိုရိုနာဗိုင်းရပ်  ပြည်နယ်အားလုံးနီးပါးသို့ ပျံ့နှံ့ဟု အီရန်သမ္မတဆို

Friday, 06 March 2020 14:15 font size decrease font size decrease font size increase font size increase font size

နိုဗယ်ကိုရိုနာဗိုင်းရပ်သည် နိုင်ငံအတွင်းရှိ ပြည်နယ်အားလုံးနီးပါးသို့ ပျံ့နှံ့သွားပြီဖြစ်ကြောင်း အီရန်သမ္မတ ဟက်ဆန်ရူဟာနီက ပြောသည်။

သို့သော် အီရန်အနေဖြင့် အဆိုပါ ဗိုင်းရပ်ကူးစက်မှုကို လူအသေအပျောက် အနည်းဆုံးဖြင့် ကျော်လွှားနိုင်မည် ဖြစ်ကြောင်း ရူဟာနီက မတ် ၄ ရက်တွင်ကျင်းပသည့် အစိုးရအဖွဲ့ ဆွေးနွေးပွဲ၌ ပြောသည်။

အဆိုပါ ဗိုင်းရပ်ကူးစက်မှုကြောင့် နိုင်ငံအတွင်း လူ ၉၂ ဦးသေဆုံးသွားကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထိုလူသေမှုနှုန်းသည် တရုတ်နိုင်ငံပြင်ပတွင် ဖြစ်ပွားသည့် ဗိုင်းရပ်ကြောင့် လူသေဆုံးမှု များအနက် အမြင့်ဆုံး ပမာဏဖြစ်သည်။ ရောဂါပိုးကူးစက်ခံရသူများတွင် ဒုတိယသမ္မတ အီရှက်ဂျာဟန်ဂီရီလည်း အပါအဝင် ဖြစ်သည်။

အာဏာပိုင်များက စီစဉ်ထားသည့် ဘာသာရေး ဆုတောင်းပွဲများကို ရောဂါပိုး ကူးစက်မှုကို ထိန်းချုပ်နိုင်ရေးအတွက် ဆိုင်းငံ့လိုက်ရကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြားဌာနက ဖော်ပြသည်။

အီရန်တွင် ဗိုင်းရပ်ကူးစက်မှုများ ဖြစ်ပွားနေစဉ် အီရန်ပြည်သူများကို အကူအညီပေးရန် ဆန္ဒရှိကြောင်း အမေရိကန် အစိုးရက ပြောထားသည်။ သို့သော် အမေရိကန်အနေဖြင့် အမှန်တကယ် ကူညီလိုပါက ဆေးဝါး တင်သွင်းခြင်း ပိတ်ဆို့မှုကို ဖယ်ရှားပေးရန် အီရန်က တောင်းဆိုကြောင်း သိရသည်။

Ref: The Straits Times

Read 53 times Last modified on Friday, 06 March 2020 14:16