SJ WorldNews - шаблон joomla Авто

IS စစ်သွေးကြွ ၄၆ ဦး အာဖဂန်တပ်ဖွဲ့ထံ လက်နက်ချ အညံ့ခံ

Friday, 06 March 2020 14:16 font size decrease font size decrease font size increase font size increase font size

IS စစ်သွေးကြွ ၄၆ ဦးသည် မတ် ၅ ရက်တွင် ကူနာပြည်နယ် အရှေ့ဘက်ရှိ အာဖဂန်နစ္စတန် လုံခြုံရေး တပ်ဖွဲ့ဝင်များထံ လက်နက်ချ အညံ့ခံကြောင်း ပြည်နယ်အစိုးရက အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။

ထိုစစ်သွေးကြွများသည် နိုင်ငံအတွင်းရှိ ချောကေ၊ မာရိုဂိုင်နှင့် မငြိမ်မသက်ဖြစ်နေသော အခြားဒေသများ၌ အစိုးရကိုဆန့်ကျင်သည့် တိုက်ခိုက်မှုများတွင် ပါဝင်သူများဖြစ်သည်။

ထို့ပြင် အဆိုပါ စစ်သွေးကြွများသည် ၄င်းတို့နှင့်အတူ ပါလာသည့် လက်နက်များကို လုံခြုံရေး တပ်ဖွဲ့ထံ လွှဲပြောင်းပေးပြီးနောက် ယခုမှစ၍ အစိုးရဘက်မှ ရပ်တည်ကာကွယ် သွားမည်ဟု ကတိပြုထားသည်။

ယခုလက်နက်ချမှုသည် မတ်လအတွင်း ကူနာပြည်နယ် အရှေ့ပိုင်းရှိ  IS စစ်သွေးကြွ အဖွဲ့၏ အစိုးရအဖွဲ့ထံ လက်နက်ချ အညံ့ခံမှု  ဒုတိယအသုတ် ဖြစ်သည်။

ပထမအသုတ်ဖြစ်သည့်  IS စစ်သွေးကြွ အဖွဲ့ဝင် ၄၂ ဦးသည် အေဆာဒါဘတ်မြို့ရှိ ဒေသတွင်း အာဏာပိုင်များထံ လက်နက်ချ အညံ့ခံခြင်း ဖြစ်ကြောင်း သိရသည်။

Ref: Xinhua

Read 58 times Last modified on Friday, 06 March 2020 14:51